မန္တလေးတိုင်းဒေသကြီးအတွင်း တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား (၁၂)ကြိမ်မြောက် ဂုဏ်ပြုချီးမြှင့်

မန္တလေးတိုင်းဒေသကြီးအတွင်း တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား (၁၂)ကြိမ်မြောက် ဂုဏ်ပြုချီးမြှင့်

နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၂၅

              မန္တလေးတိုင်းဒေသကြီးအတွင်း တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား (၁၂)ကြိမ်မြောက် ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်း တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ တက် ရောက်ကြသည်။

              ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လုံခြုံရေးတပ်ဖွဲ့ဝင်များ အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ကြပြီး တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။ ယင်းနောက် မန္တလေးတိုင်းဒေသကြီးအတွင်း သိမ်းဆည်းရမိသော လက်နက်/ခဲယမ်းများ ခင်းကျင်း ပြသထားမှုများကို လိုက်လံကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။