ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့၌ ဒေသခံကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ဆက်လက်ထိုးနှံ၊ အခြေခံစားကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့၌ ဒေသခံကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ဆက်လက်ထိုးနှံ၊ အခြေခံစားကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ

နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၂၅

တပ်မတော်အနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်တို့ကို လုံခြုံမှု အပြည့်အဝရရှိစေရေး လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက် ပေးလျက်ရှိသကဲ့သို့ ပြည်သူလူထု၏ စားဝတ်နေရေး သက်သာချောင်လည်မှုရှိစေရေးနှင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့၊ ဓမ္မဟေဝန်ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း၌ ပညာသင်ကြားလျက်ရှိသော အသက် ၉ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသူများ အား နယ်မြေခံတပ်မှ ဆေးကုသရေးအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများ စုပေါင်း၍ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးများကို ထိုးနှံပေးသည်။ ယင်းသို့ ဆောင်ရွက်နေမှုများကို နယ်မြေခံတပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

ထို့ပြင် ဘုရားသုံးဆူမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူလူထုများ အနေဖြင့် အခြေခံစားကုန်များကို သက်သာချောင်ချိစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက ပြင်ပပေါက်ဈေးထက် သက်သာသော နှုန်းထားများဖြင့် ရောင်းချပေးခဲ့ရာ စားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေခဲ့ ကြောင်း သတင်းရရှိသည်။