ကျွန်းစုမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း စည်းပျက်ဝါးလတ်ငါးဖမ်းလှေတစ် စီးဖမ်းဆီးရမိ

နေပြည်တော် ၊ နိုဝင်ဘာ - ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၂ နာရီခွဲခန့်တွင် မအိုင်ကျွန်း၏ တောင်ဘက် ရေမိုင် ၄ မိုင်ခန့်အကွာ၌ အလျား ၇၂ ပေ၊ အနံ ၂၂ ပေ ၅ လက်မ၊ ရေစူး ၁၂ ပေခန့်ရှိ ဇော်ကိုကို- ၁ အမည်ရှိ စည်းပျက်ဝါးလတ်ငါးဖမ်းလှေပေါ်မှ အမျိုးသား ၁၈ ဦးကို WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၅၆ ပြား၊ ဘိန်းစာမှုန့် ၂ ထုပ်၊ ၁၆၃ ဂရမ်(စုစုပေါင်းမူးယစ်ဆေးဝါးများခန့်မှန်းတန်ဖိုးငွေကျပ် ၄ သိန်းကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများ၊ လှေနှင့် မူးယစ်ဆေးဝါးများအား သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။