တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ဂေါ့ကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာတို့မှ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၂၆

          ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ဂေါ့ကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာတို့မှ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများအား  ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာရှိ မြနဒီကျောင်းတိုက် သာသနာ့ ရက္ခိတဗိမာန်တော်ကြီး၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

          ထိုသို့ဆောင်ရွက်ပေးရာတွင် နယ်လှည့်ဆေးကုသရေးအဖွဲ့က သံဃာတော် ၂ ပါး၊ သာသနာနွယ်ဝင်သီလရှင် ၃ ပါးနှင့် ဒေသခံပြည်သူ ၁၂၆ ဦးတို့အား သွားနှင့်ခံတွင်း ရောဂါ၊ မျက်စိရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အရိုးအကြောရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

          ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုက်ကြီးတပ်နယ်မှ တာဝန်ရှိသူများက   သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။