TNLA အဖွဲ့ဝင်များက နမ့်ဖတ်ကာကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ် ချက်ရှိရှိ  ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၁၁ နှစ်အရွယ်အပြစ်မဲ့အရပ်သားကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိ

TNLA အဖွဲ့ဝင်များက နမ့်ဖတ်ကာကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ် ချက်ရှိရှိ  ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၁၁ နှစ်အရွယ်အပြစ်မဲ့အရပ်သားကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၂၆

          ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအတွင်းသို့ TNLA အဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လာခဲ့ကြောင်း သိရှိရ သည်။

          ဖြစ်စဉ်မှာ ယနေ့နံနက် ၁၀ နာရီ ၅၅ မိနစ်ခန့်တွင် TNLA အဖွဲ့ဝင်များက နမ့်ဖတ်ကာကျေးရွာ၏ အနောက်တောင်ဘက်မီတာ ၁၇၀၀ ခန့်အကွာမှ လက်နက်ကြီး များဖြင့် အပြစ်မဲ့အရပ်သား ဒေသခံပြည်သူများ နေထိုင်လျက်ရှိသည့် ကျေးရွာ အတွင်းသို့ ထိခိုက်ပျက်စီးစေလိုသည့် ရည်ရွယ်ချက်ဖြင့် အဝေးမှ နှောင့်ယှက် ပစ်ခတ်တိုက်ခိုက် လာခဲ့ကြောင်းနှင့် အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာ အတွင်း နေထိုင်လျက်ရှိသည့် ၁၁ နှစ်အရွယ်အပြစ်မဲ့ အရပ်သားကလေးငယ်အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး TNLA အဖွဲ့ဝင်များသည် အဆိုပါကျေးရွာ၏ အနောက်တောင်ဘက်သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

          ဖြစ်စဉ်တွင် TNLA အဖွဲ့ဝင်များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက် ဒဏ်ရာ ရရှိခဲ့သည့် အပြစ်မဲ့အရပ်သားကလေးငယ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နမ့်ဖတ် ကာပြည်သူ့ ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ အနေဖြင့် နမ့်ဖတ်ကာကျေးရွာနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်အား လိုအပ်သည့် နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။