ကျောက်ဖြူမြို့နယ်အတွင်း AA လက်နက်ကိုင်အဖွဲ့၏အမာခံတစ်ဦး ဖမ်းဆီးရမိ

နေပြည်တော်  နိုဝင်ဘာ  ၁၆

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိစဉ် နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် ချစ်ပုံမကျေးရွာအနီးသို့အရောက် မသင်္ကာဖွယ် ဇော်မြင့်ဦး (ခ) ဇော်ဇော်၊၂၉ နှစ်၊ (ဘ) ဦးမြင့်သန်း၊ ချစ်ပုံမကျေးရွာနေသူအားတွေ့ရှိရသဖြင့်စစ်ဆေးခဲ့ရာ ၎င်းမှာ AA လက်နက်ကိုင်အဖွဲ့၏ အမာခံသတင်းပေးဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် လုပ်ထုံးလုပ် နည်းနှင့်အညီ ဆောင်ရွက်နိုင်ရေး ကျောက်ဖြူမြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(၁၀၀)