ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ပေး
ကမ္ဘာပေါ်တွင် နိုင်ငံအလိုက် အရင်းအမြစ်များပေါ်မူတည်၍ ခရီးသွားလုပ်ငန်းအမျိုးမျိုးရှိသည်။ ယဉ်ကျေးမှုနှင့်ရှေးဟောင်း အမွေအနှစ်ဆိုင်ရာခရီးသွားလုပ်ငန်း၊ သဘာဝအခြေခံခရီးသွားလုပ်ငန်း၊ အစား အသောက်ဆိုင်ရာခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးဆိုင်ရာခရီးသွားလုပ်ငန်း၊ စွန့်စားသွားလာပျော်စရာခရီးစဉ်၊ အပျော်စီးသင်္ဘောခရီးစဉ်နှင့် အခြားခရီးသွားလုပ်ငန်းအမျိုးမျိုးအား နိုင်ငံအလိုက်အကောင်အထည် ဖော်လျက်ရှိသည်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံသာလွန်ကောင်းမွန်အောင်လုပ်ဆောင်ကြရာမှ ခရီးသွားလုပ်ငန်း များသည် ကမ္ဘာပေါ်တွင်အရှိန်အဟုန်ဖြင့်ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။
ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့သည့်ခရီးသွားလုပ်ငန်းများဖြစ်ပေါ် စေရေးအတွက် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ကို ၁၉၆၄ ခုနှစ်ကစတင်ဖွဲ့စည်းခဲ့သည်။ ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်သည် ကမ္ဘာ့ခရီးသွားလုပ်ငန်းနယ်ပယ်၏ဦးဆောင်အဖွဲ့အစည်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၆၀ မှာ အဖွဲ့ဝင်အဖြစ်ပါဝင်ထားသည်။ ထိုအဖွဲ့ကြီးကဦးဆောင်ကာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်စဉ် စက်တင်ဘာ ၂၇ ရက်အား ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အဖြစ် သတ်မှတ်ပေးထားသည်။ ၁၉၈၀ ပြည့်နှစ်မှစ၍ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အခမ်းအနားစတင်ကျင်းပခဲ့သည်။ ထိုနည်းတူ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ဆိုင်ရာဆောင်ပုဒ်တစ်ခုစီအားနှစ်စဉ်ချမှတ်ပေးကာ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ကို ကျင်းပလျက်ရှိသည်။ ယခု ၂၀၂၃ ခုနှစ်အတွက်ဆောင်ပုဒ်မှာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး၊ အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ပေး ဟူ၍ဖြစ်သည်။
အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုဆိုသည်မှာ အဓိကအားဖြင့်သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေသော၊ ထိခိုက်မှုအနည်းဆုံးဖြစ်သောလုပ်ငန်းများ ရင်းနှီးမြှုပ်နှံခြင်းပင်ဖြစ်သည်။ ထို့အတူ ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးစံများ၊ သဘာဝအရင်းအမြစ်များ၊ ဂေဟစနစ်များ၊ ရှေးဟောင်းအမွေအနှစ်ပစ္စည်းများ၊ သယံဇာတပစ္စည်း များ စသည်တို့ကို မထိခိုက်စေခြင်းတို့နှင့်လည်း သက်ဆိုင်သည်။ ခရီးသွားလုပ်ငန်းရေရှည်တည်တံ့ရေးမှာ နိုင်ငံတိုင်းက လိုလားနေသည့်အချက်ဖြစ်သည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အညီ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်တစိုက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ မြန်မာ့ခရီးသွားလုပ်ငန်းတိုးတက်စေရေးအတွက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဥပဒေကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင်ပြဋ္ဌာန်းခဲ့ပြီး အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးဗဟိုကော်မတီ၊ ခရီးသွားလုပ်ငန်းကော်မတီနှင့် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများ ဖွဲ့စည်း ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းလိုင်စင်ဆိုင်ရာ အမိန့်များကိုလည်း ထုတ်ပြန်ခဲ့သည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းပြန်လည်ဦးမော့လာစေ ရေးမဟာဗျူဟာ လမ်းပြမြေပုံ(၂၀၂၁-၂၀၂၅)ကို ရေးဆွဲအကောင်အထည်ဖော်လျက်ရှိသည်။ ဝန်ကြီးဌာန၏ ကာလတို၊ ကာလလတ်၊ ကာလရှည်ပန်းတိုင်များအောင်မြင်စေရန် မဟာဗျူဟာ ၁၈ ခု၊ အသေးစိတ်စီမံချက် ၉၃ ခုထည့်သွင်းဖော်ပြထားသည်။ ကိုဗစ်-၁၉ ကမ္ဘာလုံးဆိုင်ရာရောဂါဖြစ်ပွားမှုကို ယခုအခါ အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ပြီဖြစ်သည့်အတွက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းများအား ပြန်လည် ဖွင့်လှစ်ရာတွင် ကမ္ဘာလှည့် န-ဠငျေ ကို ၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက်က စတင်ခွင့်ပြုပေးခဲ့ပြီးဖြစ်သည်။
ပြည်ပခရီးသွားဧည့်သည်များအတွက် မြန်မာနိုင်ငံရှိပျူရှေးဟောင်းဒေသများဖြစ်သည့် သရေခေတ္တရာ၊ ဗိဿနိုးနှင့် ဟန်လင်းစသည့်ရှေးဟောင်းနယ်မြေများကို ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ၂၀၁၄ ခုနှစ်တွင်သတ်မှတ်ပေးခဲ့ပြီး ရှေးဟောင်းယဉ်ကျေးမှုအထိမ်းအမှတ် နယ်မြေဖြစ်သည့် ပုဂံဒေသသည်လည်း ၂၀၁၉ ခုနှစ် ဇူလိုင် ၇ ရက်တွင် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ခဲ့သည်။ ထို့အတူမြင်းကပါ အရပ်ရှိ ရာဇကုမာရ်မင်းသား၏ မြစေတီကျောက်စာ၊ ဘုရင့်နောင်မင်းတရား ခေါင်းလောင်းစာ၊ အလောင်း မင်းတရားကြီး၏ရွှေပေလွှာ၊ ကုသိုလ်တော်ဘုရားကျောက်စာတို့ကိုလည်း ကမ္ဘာ့အမွေအနှစ်စာရင်းသွင်း ထားပြီးဖြစ်သည်။ မြန်မာကို ကမ္ဘာက ပိုမိုသိရှိလာပြီး စိတ်ပါဝင်စားမှု များပြားကာ ခရီးသွားဧည့်သည်အများ အပြားကိုဆွဲဆောင်နိုင်သလို နိုင်ငံတော်၏ ပုံရိပ်သည်လည်း မြင့်မားလာမည် ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် ခုနစ်ရက်သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမတို့က ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်သော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားမှုမှာလည်း ခရီးသွားဧည့်သည်များ လေ့လာကြည်ညိုဖွယ်ဖြစ်သည်။ ဖူးမြော်ရသူတို့၏ စိတ်နှလုံးကိုအေးမြစေသည့်အပြင် ဘုရားကြီးပရိဝုဏ် အတွင်းမှာလည်း စိမ်းလန်းစိုပြည်သည့် သဘာဝရှုခင်းများကို မြင်တွေ့ရမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံတော်အတွင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတိုးတက်လာလျှင် နိုင်ငံ့စီးပွားရေးလည်းပိုမိုဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ပေရာ ခရီးသွားလုပ်ငန်းကဏ္ဍအသီးသီးတွင် အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ပေးရင်း မြန်မာ့ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။ ။