မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် မွန်ပြည်နယ်လူငယ်ရေးရာ ကော်မတီတို့ ပူးပေါင်းပြုလုပ်သည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ ၂၇
မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် မွန်ပြည်နယ်လူငယ်ရေးရာ ကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နေ့လယ်ပိုင်းတွင် မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မွန်ပြည်နယ် လူငယ်ရေးရာ ကော်မတီဝင်များနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း က အမှာစကားပြောကြား ပြီး မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး က တိုင်းပြည်အနာဂတ် အတွက် လူငယ်များ၏ အရေးပါမှု အခန်းကဏ္ဍနှင့်ပတ်သက်၍ ဆွေးနွေးဟောပြော သည်။ ယင်းနောက် စာရေးဆရာမ တက္ကသိုလ် နန်းဖြူဖြူထွန်း က လူငယ်ရေးရာ အသိပညာပေးနှင့်ပတ်သက်၍ ဟောပြောသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တက်ရောက်လာကြသူများက ပြည် နယ်နှင့် တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရ ဗိုဗီနမ်အဖွဲ့က သရုပ်ပြ သခြင်းအား လည်းကောင်း၊ ကာယဗလပြိုင်ပွဲတွင် ရွှေတံဆိပ် ဆုရ ကာယဗလ အားကစားသမား မောင်လင်းလင်းထိုက် က သရုပ်ပြသခြင်းအား လည်းကောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်) သင်တန်းသား/သင်တန်းသူများက Fitness Dance ဖြင့်သရုပ်ပြသခြင်းအားလည်းကောင်း ကြည့်ရှုအားပေးကြသည်။
ယင်းနောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အား ကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး က အခြေခံကျောင်းများအတွက် အားကစားပစ္စည်းများ ပေးအပ်ရာ မွန်ပြည်နယ် ပညာရေးမှူး ဒေါ်နန့်စယ်လီလှိုင် က လက်ခံရယူသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက မော်လမြိုင်မြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ၏ တေးသီချင်းများ၊ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေး ပြီး အခြေခံပညာကျောင်းများအတွက် ထောက်ပံ့ငွေများ၊ သရုပ်ပြအဖွဲ့များနှင့် တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများ အား ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။