(၃၀)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာနှီးနှောဖလှယ်ပွဲအကြို အလုပ်ရုံ ဆွေးနွေးပွဲ ဆက်လက်ကျင်းပ

(၃၀)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာနှီးနှောဖလှယ်ပွဲအကြို အလုပ်ရုံ ဆွေးနွေးပွဲ ဆက်လက်ကျင်းပ

နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ ၂၇

(၃၀)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာနှီးနှောဖလှယ်ပွဲအကြို အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ် တပ်မတော်ဆေးတက္ကသိုလ် သက်မဲ့ခန္ဓာအသုံးပြုခွဲစိတ် လေ့ကျင့်ရေးခန်းမ ဆောင်၌ ဆက်လက်ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ဆေးသုတေသနတပ် တပ်မှူး၊ တပ်မတော် ဆေးကက္ကသိုလ် အရိုးရောဂါပညာဌာန ပါမောက္ခ/ဌာနမှူး၊ တပ်မတော်မှအရိုး အထူးကုဆရာဝန်များ၊ အိန္ဒိယနိုင်ငံမှ လက်ပိုင်းဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာမိုဟစ်ရှာမားနှင့် တပ်မတော်ဆေးတက္ကသိုလ်၊ ဆေးတက္ကသိုလ်(၁)၊ ဆေးတက္ကသိုလ်(၂)၊ ဆေးတက္ကသိုလ် (မန္တလေး)၊ ဆေးတက္ကသိုလ်(မကွေး)တို့မှ အရိုးရောဂါပညာ ဆေးလက်တွေ့ပါရဂူနှင့် ဘွဲ့လွန်သင်တန်းသားများ တက်ရောက် ကြသည်။

Pre-Conference Workshop တွင် ပြည်တွင်း/ပြည်ပမှ အတွေ့အကြုံ ရင့်ကျက်သည့် ပါမောက္ခပညာရှင်ကြီးများမှ တက်ရောက်လာကြသူများ အားလုံးကို ပြုပြင်အစားထိုး ခွဲစိတ်ကုသမှု နည်းစနစ်များ၊ အယူအဆ အတွေးအခေါ်ပိုင်းကို အခြေခံ၍ လက်တွေ့ လုပ်ကိုင်နိုင်သည်အထိ သက်မဲ့ဆရာ (Silent Mentor) များကို အသုံးပြု၍ လက်တွေ့သရုပ်ပြသင်ကြားဆွေးနွေးခြင်းနှင့် Online မှတစ်ဆင့် မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ အရိုးဆရာဝန်များအား Webinarတွင် တိုက်ရိုက် ထုတ်လွှင့်၍ သင်ကြားမှုများ ၂ ရက်ကြာ ပြုလုပ်ခဲ့သည်။ ဤအလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်းအားဖြင့် မြန်မာ့တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့မှ အရိုးပါရဂူငယ်များ၊ ဘွဲ့လွန်ကျောင်းသားများနှင့်  ကျန်းမာရေးဝန်ကြီး ဌာနအောက်ရှိ ဆေးတက္ကသိုလ် များမှ ဘွဲ့လွန်ကျောင်းသား/ကျောင်းသူများအနေဖြင့် စစ်ဘက်နယ်ဘက်မှ ပါမောက္ခ ဆရာဝန်ကြီးများ၊ ပြည်ပမှ ပညာရှင်ကြီးများနှင့် တိုက်ရိုက်ထိတွေ့ သင်ကြားဆွေး နွေးနိုင်ခဲ့ပြီး သက်မဲ့ဆရာ (Silent Mentor) အသုံးပြုလက်တွေ့ လေ့ကျင့်နိုင်ခဲ့ခြင်း ကြောင့် အရိုးရောဂါပညာ အစားထိုးခွဲစိတ်ကုသမှုနယ်ပယ်အ​နေဖြင့် နိုင်ငံတကာ အဆင့်သို့ တက်လှမ်းလာသော ကဏ္ဍတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း သတင်း ရရှိသည်။