ခိုလမ်မြို့၊ တုန်ဟုန်းကျေးရွာအုပ်စုနှင့် ဟိုင်းလိုက် ကျေးရွာအုပ်စုရှိ ဒေသခံတိုင်းရင်းသားများအား စားအုန်းဆီနေကြာမျိုးစေ့နှင့် မြေဩ ဇာများ ထောက်ပံ့ပေးအပ်၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

ခိုလမ်မြို့၊ တုန်ဟုန်းကျေးရွာအုပ်စုနှင့် ဟိုင်းလိုက် ကျေးရွာအုပ်စုရှိ ဒေသခံတိုင်းရင်းသားများအား စားအုန်းဆီနေကြာမျိုးစေ့နှင့် မြေဩဇာများ ထောက်ပံ့ပေးအပ်၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ တုန်ဟုန်းကျေးရွာအုပ်စုနှင့် ဟိုင်းလိုက် ကျေးရွာအုပ်စုရှိ ဒေသခံတိုင်းရင်းသားများအား စားအုန်းဆီနေကြာမျိုးစေ့နှင့် မြေဩ ဇာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် တုန်ဟုန်းကျေးရွာ၌ ပြုလုပ် ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့်အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ကြ သည်။

ဦးစွာ  တိုင်းမှူးက စားအုန်ဆီနေကြာမျိုးစေ့နှင့် မြေဩဇာများ ထောက်ပံ့ပေး အပ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး နမ့်စန်ခရိုင်၊ စိုက်ပျိုးရေးဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ဒေသခံတောင်သူများအား ဆီထွက်သီးနှံများ စိုက်ပျိုး ရာတွင် စိုက်ပျိုးရေးနည်းစနစ်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းမှူး နှင့်တာဝန်ရှိသူများက ဒေသခံတောင်သူများအာ စားအုန်းဆီနေကြာ မျိုးစေ့နှင့် မြေဩဇာများကို ထောက်ပံ့ပေးအပ်ကြသည်။

ယင်းနောက် နယ်မြေခံဆေးကုသရေးအဖွဲ့က တုန်ဟုန်းကျေးရွာအုပ်စုနှင့် ဟိုင်းလိုက်ကျေးရွာအုပ်စုရှိ ဒေသခံတိုင်းရင်းသားများအား တုန်ဟုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံတိုင်းရင်းသားပြည်သူ ၁၀၅ ဦးအား သွေးတိုး ရောဂါ၊ ဆီးချိုရောဂါ၊ အရိုးအကြောရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သူများအား ခိုလမ်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ သို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်နေမှုများကို တိုင်းမှူးနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေးပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။