(၁၉)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲတွင် ဝူရှူးအားကစားမယ် စန္ဒီဦး အဆင့် ၉ နေရာရရှိ
ဟန်ကျိုး စက်တင်ဘာ ၂၇
တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှအားကစား ပြိုင်ပွဲများသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံ၊ မြန်မာနိုင်ငံဝူရှူး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသစ္စာ၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်နိုင်နှင့် အုပ်ချုပ်မှုအဖွဲ့ တာဝန်ရှိသူများသည် ယနေ့နံနက် ဒေသစံတော်ချိန် ၁၀ နာရီတွင် ဟန်ကျိုးမြို့ရှိ Xiao shan Guali Sports Center အားကစားရုံ၌ ကျင်းပလျက်ရှိသည့် ဝူရှူးအားကစား နည်းပြိုင်ပွဲတွင် ယှဉ်ပြိုင်နေသောမြန်မာနိုင်ငံမှ စန္ဒီဦး၏ ကျန့်စု ခေါ် နှစ်ဖက်သွားဓားနှင့် ချန်းစု(ခေါ်) လှံရှည်ပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ကစားနေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
မြန်မာဝူရှူးအသင်းမှ စက်တင်ဘာ ၂၄ ရက်တွင် ထိုက်ချိချွမ်(အမျိုးသမီး)ပြိုင်ပွဲတွင် မမြတ်နိုးအိမ်မှ ပြိုင်ပွဲဝင်နိုင်ငံမှ အားကစားသမား ၁၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ရာ အဆင့်(၁၁) နေရာတွင်လည်းကောင်း၊ စက်တင်ဘာ၂၅ ရက်တွင် ထိုက်ချိချွမ်+ ထိုက်ချိကျန့်ပြိုင်ပွဲတွင် စွမ်းရည်ထက်နိုင်က ပြိုင် ပွဲဝင်နိုင်ငံမှ အားကစားသမား ၁၈ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ နိုင်ငံအလိုက်အဆင့် ၁၇ တွင်လည်းကောင်း၊ စက်တင်ဘာ ၂၆ ရက်တွင် အေးသစွာမြင့်က နန်းချွမ်+ နန်းသောင်းပြိုင်ပွဲတွင် အေးသစ္စာမြင့်က ပြိုင်ပွဲဝင်နိုင်ငံများမှ အားကစားသမား ၁၁ ဦးဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ရာ နိုင်ငံအလိုက်အဆင့် ၆ တွင်လည်းကောင်း၊ စက်တင်ဘာ၂၇ရက်နေ့ကျန့်စု(ခေါ်) နှစ်ဖက်သွားဓားနှင့် ချန်းစု(ခေါ်)လှံရှည်ပြိုင်ပွဲ တွင် စန္ဒီဦးက ပြိုင်ပွဲဝင်နိုင်ငံများမှ အားကစားသမားယှဉ်ပြိုင်ကစား ၁၁ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ နိုင်ငံအလိုက်အဆင့် ၉ တွင်လည်းကောင်း အသီးသီးရရှိပြီး ဆုတံဆိပ်နှင့်လွဲချော်ခဲ့ကြသည်။
မြန်မာဝူရှူးအသင်းအနေဖြင့် ၁၉ အားကစားပြိုင်ပွဲတွင် အားကစားသမားအမျိုးသား၊ အမျိုးသမီးလေးဦး ဝင်ရောက်ယှဉ်ပြိုင် ကစားခဲ့သော်လည်း ဆုရရှိနိုင်ခြင်း မရှိကြောင်း သိရသည်။
စက်တင်ဘာ၂၈ ရက် (ယနေ့) ဒေသစံတော်ချိန် နေ့လယ် ၂ နာရီတွင် မြန်မာနိုင်ငံမှ န-ှစသမအျ အားကစားနည်းတွင် ဝင်ရောက်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ဒေသစံတော်ချိန်ညနေ ၇ နာရီခွဲအချိန်တွင် ဘောလုံးအမျိုးသား ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်အဖြစ် မြန်မာ(့-၂၄)အသင်းနှင့် ဂျပန်(့-၂၄) အသင်း၊ ဒေသစံတော်ချိန် ညနေ ၇ နာရီခွဲအချိန်တွင် ဘောလုံး(အမျိုးသမီး) အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် မြန်မာ့ လက်ရွေးစင်အသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရှိရသည်။
ကျော်လွင်