မြောက်ကိုရီးယားက ငါးနှစ်အတွင်း ပထမဆုံး ရွှေတံဆိပ်ဆုကို အာရှအားကစားပွဲတော်၌ရရှိ
ပြုံယမ်း၊ အားကစား
မြောက်ကိုရီးယားနိုင်ငံမှ အမျိုးသမီး သေနတ်ပစ်အသင်းသည် တရုတ်နိုင်ငံ ဟန်ကျိုးမြို့၌ ကျင်းပနေ သည့် အာရှအားကစားပွဲတော်၌ ရွှေတံဆိပ်ဆုကို ရရှိကြောင်း သိရသည်။
အဆိုပါ ဆုတံဆိပ်သည် မြောက်ကိုရီးယားနိုင်ငံအတွက် နိုင်ငံတကာပြိုင်ပွဲများ၌ ငါးနှစ်အတွင်း ပထမဆုံး ရွှေတံဆိပ်ဆုဖြစ်သည့်အပြင် မြောက်ကိုရီးယားသေနတ်ပစ် အသင်းအတွက် သမိုင်းတစ်လျှောက် ပထမ ဆုံးသော ရွှေတံဆိပ်ဆုလည်း ဖြစ်သည်။
မြောက်ကိုရီးယား အမျိုးသမီးသေနတ်ပစ် အသင်းသည် ပြိုင်ဘက်အသင်းဖြစ်သည့် ကာဇက်စတန် အသင်းကို ၁၆၅၅ မှတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာ ၂၈ ရက်အထိ ယှဉ်ပြိုင်မှုများအရ မြောက်ကိုရီးယားနိုင်ငံသည် ဆုတံဆိပ်ရရှိမှုဇယား၌ အဆင့် ၁၃ နေရာ၌ ရပ်တည်နေသည်။
ပထမနေရာတွင် တရုတ်နိုင်ငံကဆုတံဆိပ် ၁၄၉ ခုဖြင့်လည်းကောင်း၊ ဒုတိယနေရာတွင် တောင် ကိုရီးယားနိုင်ငံက ဆုတံဆိပ် ၇၄ ခုဖြင့်လည်းကောင်း၊ တတိယနေရာတွင် ဂျပန် နိုင်ငံက ဆုတံဆိပ် ၆၆ ခု ဖြင့်လည်းကောင်း ရပ်တည်နေကြောင်း သိရသည်။
Ref: Yonhap