သက်ကြီးသူများဘ၀ သာယာဖို့ သက်ရွယ်စုံညီပါဝင်လို့                                               ဝိုင်းဝန်းဖြည့်ဆည်းကြပါစို့

သက်ကြီးသူများဘ၀ သာယာဖို့ သက်ရွယ်စုံညီပါဝင်လို့                                               ဝိုင်းဝန်းဖြည့်ဆည်းကြပါစို့

 

မြန်မာတို့သည်  ယဉ်ကျေးသိမ်မွေ့သောဓလေ့ကို တန်ဖိုးထားသောလူမျိုးဖြစ်သည်။ လူလူချင်း ဆက်ဆံရာတွင်     ဂါရဝတရားဖြင့်ပြုမူဆက်ဆံကြသည်။ ထိုသို့ဆက်ဆံကြရာ၌ မြန်မာ့ယဉ်ကျေးမှုဓလေ့အရ ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကို သနားဟူသည့် အဆုံးအမအတိုင်း လိုက်နာ ကျင့်သုံးကြသည်။ မိမိထက်တစ်နေ့၊ တစ်ရက်၊ တစ်နံနက်ကြီးသူများကို  ရိုရိုသေသေဆက်ဆံကြသည့်အပြင် အလေးအမြတ်ထား၍ ပူဇော်ကန်တော့ကြသည်။

အကယ်စင်စစ်  သက်ကြီးရွယ်အိုများသည်လူ့လောကတွင် အနေကြာခဲ့သူများဖြစ်၍  အသက်ကြီးတော့ တစ်နည်းသာ ဆိုသကဲ့သို့ အတွေ့အကြုံဗဟုသုတများ စုံလင်ရင့်ကျက်သူများ ဖြစ်ကြသည်။ထို့ကြောင့် သက်ရင့်ကျောက်များကို အဖိုးတန်ရတနာများအဖြစ် တန်ဖိုးထား၍  လေးလေးစားစားပူဇော်ခဲ့ကြခြင်း ဖြစ်သည်။

လူတို့သည်ငယ်ရွယ်၍ သန်မြန်ဖျတ်လတ်စဉ်က ကာယ၊ ဉာဏစွမ်းအားဖြင့် အဘက်ဘက်မှ စွမ်းဆောင်အကျိုးပြုခဲ့ကြပေသည်။ အသက်အရွယ်ကြီးရင့်အိုမင်းလာသောအခါတွင်ကား ယင်းကာယ၊ ဉာဏတို့ဖြင့် အဘက်ဘက်မှ စွမ်းဆောင်နိုင်မှုများ တဖြည်းဖြည်းယုတ်လျော့လာကြသည်။ ဤကဲ့သို့ စွမ်းဆောင်နိုင်မှုများ လျော့ကျလာသည်နှင့်အမျှ သူတို့၏စိတ်ပိုင်းဆိုင်ရာ ယုံကြည်ခိုင်မာမှုများလည်း လျော့ပါးလာတတ်ကြသည်။  အိုမင်းမစွမ်းဟူသော စကားအတိုင်းအရာရာစွမ်းဆောင်မှုမပြုနိုင်တော့သော သက်ကြီးရွယ်အိုများကို ငယ်ရွယ်နုပျိုသူများက အားပေးကူညီကြရပေမည်။ မြန်မာတို့သည် သက်ကြီးရွယ်အိုများကို ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါ ဝိုင်းဝန်းမြှင့်တင်ပေးကြရပါမည်။ ဤသို့အရွယ်အားဖြင့်လည်းကောင်း၊ ဂုဏ်ရည်အားဖြင့်လည်းကောင်း ရိုသေထိုက်သူကို လေးစားရိုသေကာ အကူအညီပေးသူသည် မင်္ဂလာတရားနှင့်လည်းညီပေသည်။

သက်ကြီးရွယ်အိုများသည် ခေတ်အမျိုးမျိုးကိုတွေ့ကြုံဖြတ်သန်းလာခဲ့သူများဖြစ်၍ မည်သည့်အကြောင်းအရာ ကိစ္စမျိုးကိုမဆို ကောင်းကျိုးဆိုးပြစ်များကို သိနားလည်ကြသည်။ အတွေ့အကြုံအရ ဘဝအတွက် ဆောင်ရန်၊  ရှောင်ရန်များကိုသိမြင်ကြသည်။ ထို့ကြောင့် ကြီးရင့်သူများက ငယ်ရွယ်သူများကို  အသိပညာများဖြန့်ဝေနိုင်ကြသည်။

ဆုံးမသွန်သင်သြဝါဒများပေးနိုင်ကြသည်။ ကြီးသူတို့ထံမှ ရရှိသောအတွေ့အကြုံနှင့် အသိများသည်ငယ်ရွယ်သူတို့အတွက် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများပင်ဖြစ်သည်။ မြန်မာတို့တွင် ဦးခေါင်းသုံးလုံးရှိသူကို ဆည်းကပ်ပါ ဟူသော အဆိုအမိန့်တစ်ခုရှိသည်။ ဦးခေါင်းသုံးလုံးရှိသူဆိုသည်မှာ အသက်အရွယ်ကြီးရင့်သူများကို  ဆိုလိုသည်။ သက်ကြီးရွယ်အိုတို့သည်   ဇရာ၏ အထုအထောင်းဒဏ်ကို ခံကြရ၍ နားထိုင်း၊ ခါးကိုင်း၊ မျက်စိမှုန်၊ ခြေလက်များတုန်ယင်လာကြသော်လည်း အဖိုးတန် အသိပညာအတွေ့အကြုံများကို  လက်ဆင့်ကမ်းနိုင်ကြသည်။

သို့ဖြစ်၍ သက်ကြီးပုဂ္ဂိုလ်များကို အရေးတယူတန်ဖိုးထား ဆက်ဆံကြရန်လိုပေသည်။

နည်းပညာထွန်းကားလာသော ခေတ်ကြီးတွင် စက်မှုနည်းပညာနှင့် စီးပွားရေးသာရှေ့တန်းရောက်လာပြီး သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်နိုင်မှုအားနည်းလာကြသည်။ အထူးသဖြင့် တိုးတက်သော နိုင်ငံများတွင် ငယ်ရွယ်သူများက   အချိန်နှင့်အမျှ အလုပ်နှင့်ပညာကိုသာ အာရုံစိုက်နေရသည့်အခါ သက်ကြီးရွယ်အိုများသည် ကူညီစောင့်ရှောက်မည့် မိသားစုနှင့်အနေနီးလျက် ကင်းကွာနေရသည့် အဖြစ်မျိုးနှင့် ကြုံနေရသည်။   ဖွံ့ဖြိုးတိုးတက်သော နိုင်ငံကြီးများတွင် သက်ကြီးရွယ်အိုများကို ပိုမိုဂရုမစိုက်နိုင်သဖြင့်  လူ့အသိုင်းအဝိုင်းနှင့်ဆက်ဆံရေး ကျဲပါးလာပြီး စိတ်ကျရောဂါများ ခံစားနေကြရသည်။  အချို့က  လူ့ဘဝတွင်ငွေကြေးဥစ္စာပြည့်စုံအောင်၊  အရာရာပြည့်စုံအောင် ဖြည့်ဆည်းပေးနိုင်လျှင် ပြီးပြည့်စုံပြီဟု ယူဆကြသည်။ ငွေကြေးဥစ္စာနှင့် မိဘဆွေမျိုးများကို    ထောက်ပံ့ကူညီနိုင်လျှင် လုံလောက်ပြီဟု ထင်မှတ်ကြသည်။  အကယ်စင်စစ်ငွေကြေး ပစ္စည်းဥစ္စာရရှိရုံနှင့် ဘဝပြည့်စုံပြီဟု မဆိုနိုင်ပါ။ ငွေကြေးဖြင့်    ဆိုင်မှဝယ်ယူရရှိသော ထမင်းတစ်နပ်သည် မိသားစုကချက်ပြုတ်ကျွေးမွေးသည့်  ထမင်းတစ်နပ်လောက် စိတ်ချမ်းမြေ့မှု၊ နွေးထွေးမှုမရရှိနိုင်ပေ။

လူ့ဘဝ၏အဓိပ္ပာယ်နှင့်တန်ဖိုးသည် ဥစ္စာဓနတစ်မျိုးတည်းဖြင့် ပိုင်းဖြတ်မရနိုင်။ မိသားစု၊ မိတ်ဆွေများထံမှ ရရှိသောမေတ္တာ၊ ကရုဏာ၊ စေတနာတို့ ပေါင်းစပ်ဖြည့်ဆည်းမှသာ လေးနက်ပြည့်စုံပေသည်။

အသက်အရွယ်ကြီးရင့်သူများသည် သူတို့အရွယ်ကောင်းစဉ်က ငယ်နုသူများကိုပြုစုစောင့်ရှောက်ခြင်း၊ ကူညီဖေးမခြင်းများ ပြုခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့အိုမင်းမစွမ်းဖြစ်ချိန်တွင် သံယောဇဉ်နှင့်  ပြန်လည်ပြုစု စောင့်ရှောက်ကြရပေမည်။ ထိုသို့ပြုစုစောင့်ရှောက်ရင်း   ထိုသူတို့ထံမှ လေးနက်တည်ကြည်မှုများ၊ အသိအလိမ္မာများ၊ ဉာဏ်ပညာများရယူနိုင်ပါသည်။ ကြီးသူနှင့်ငယ်သူတို့အကြား အပြန်အလှန်ဆက်စပ်မှု သံယောဇဉ်ကြောင့် နားလည်မှုများ၊ ယဉ်ကျေးမှုများ ပိုမိုရရှိလာမည်ဖြစ်သည်။

ကျွနု်ပ်တို့မြန်မာနိုင်ငံတွင် ပြုလုပ်သောသက်ကြီးပူဇော်ပွဲများသည် ရာထူးဂုဏ်သိန်၊ စည်းစိမ်ဥစ္စာနှင့်မဆိုင်  အသက်အရွယ်ကြီးရင့်အိုမင်းမှုတစ်ခုတည်းကိုသာ   မူတည်ကျင်းပသော ပူဇော်ပွဲများဖြစ်သည်။

လူ့လောကတွင်  အသက်အရွယ်ကြီးရင့်သူဟူသည့် ဂုဏ်ပုဒ်ကိုသာ အလေးထားမြတ်နိုးစွာ ဦးတည်ပြုလုပ်ခြင်း ဖြစ်သည်။   သက်ကြီးပူဇော်ပွဲများကို ကျေးရွာ၊ ရပ်ကွက်အလိုက်  စုပေါင်း ကျင်းပသည်လည်း ရှိသည်။ အဖွဲ့အစည်းအလိုက်၊ ဌာနဆိုင်ရာအလိုက် ကျင်းပကြသည်လည်းရှိသည်။ သူငယ်ချင်းအပေါင်းအသင်းများစုပေါင်း၍ ကောင်းမှုကုသိုလ်အဖြစ် သက်ကြီးရွယ်အိုများကို ကျွေးမွေးလှူဒါန်း

ကြသည်လည်းရှိသည်။ ထို့ပြင်  သက်ကြီးပူဇော်ပွဲများကို သီတင်းကျွတ်ပွဲတော်၊ မြန်မာ့ရိုးရာသင်္ကြန် ရေသဘင်ပွဲတော်များနှင့်လည်း တွဲဖက်ကျင်းပလေ့ရှိသည်။ သီတင်းကျွတ်ချိန်တွင် မိဘ၊ ဘိုးဘွား၊ သက်ကြီးရွယ်အိုများကို သားသမီး၊ မြေးမြစ်များက ပူဇော်ကန်တော့ကြသည်။ သင်္ကြန်ပွဲတော်တွင် ခေါင်းလျှော်၊ ရေချိုး၊   ခြေသည်းလက်သည်းညှပ်ပေးကြသည်။

ကျွနု်ပ်တို့ ဝန်ထမ်းအဖွဲ့အစည်းများတွင်လည်း သက်ပြည့်အငြိမ်းစား အဘိုး၊ အဘွားများကိုဖိတ်ကြား၍  သက်ကြီးပူဇော်ပွဲကျင်းပကြသည်။   နှစ်စဉ်အောက်တိုဘာ ၅ ရက်တွင် ကမ္ဘာ့ဆရာများနေ့၌ သက်ကြီးပင်စင်စား ဆရာကြီး၊ ဆရာမကြီးများ၊ ဂုဏ်ထူးဆောင်  ဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ဂုဏ်ပြုကြသည်။ တစ်ဖန်နှစ်စဉ် နတ်တော်လတွင် သက်ကြီးစာဆိုတော်ကြီးများကို ပူဇော်ကန်တော့ကြသည်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ (၅၂) ကြိမ်မြောက် အထွေထွေညီလာခံမှ အတည်ပြုဆုံးဖြတ်ချက်နှင့် (၃၅ )ကြိမ်မြောက် လူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကော်မရှင်တို့၏ ထောက်ခံချက်များအရ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီသည် ၁၉၉၉ ခုနှစ်  အောက်တိုဘာ ၁ ရက်ကို အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အဖြစ် သတ်မှတ်ကျင်းပရန် ၁၉၉၇ ခုနှစ် ဇူလိုင် ၂၁ ရက်တွင်  ဆုံးဖြတ်ခဲ့သည်။

 မြန်မာနိုင်ငံတွင် ဘိုးဘွားများကိုစောင့်ရှောက်ရေး  လူမှုဝန်ထမ်းလုပ်ငန်းကို အဘွားဒေါ်ဦးဇွန်းက ပထမဦးဆုံးမျိုးစေ့ချခဲ့သူဖြစ်သည်။ မြန်မာ့ပထမဆုံးဘိုးဘွားရိပ်သာကို  စစ်ကြိုခေတ်က သက်ကြီးရွယ်အိုများ စုဝေးရာဌာနဖြစ်၍ လူအိုရုံ ဟုခေါ်သည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်းမှ  လူအိုရုံအစား ဘိုးဘွားရိပ်သာဟုခေါ်သည်။  ထို့နောက်ပိုင်းတွင် ဘိုးဘွားရိပ်သာများ ဆက်လက်တည်ထောင်လာကြပြီး သားထောက်သမီးခံမရှိသည့်  ခိုကိုးရာမဲ့သက်ကြီး ရွယ်အိုများကို     ခေါ်ယူစောင့်ရှောက်ထားခဲ့ကြသည်။

မြန်မာနိုင်ငံတွင်လည်း အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနားများကို  နှစ်စဉ်နှစ်တိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျင်းပလျက်ရှိသည်။

  ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက   သက်ကြီးရွယ်အိုစောင့်ရှောက်မှုလုပ်ငန်းများအတွက် ချမှတ်ထားသောမူ (၅)ရပ်အနက်  တတိယမူဖြစ်သည့် အပြန်အလှန်စောင့်ရှောက်မှုပြုရေး (CARE) နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ထဲတွင်  သက်ကြီးရွယ်အိုဆုံစည်းရာ ဘုံရိပ်သာ (DAY CARE CENTER )ကို ဖွင့်လှစ်ခဲ့ပါသည်။

အဘိုး၊  အဘွားများ  တစ်နေ့တာတွေ့ဆုံကြပြီး အပြန်အလှန်   ညှိနှိုင်းစိတ်အပန်းဖြေကြခြင်းဖြစ်သည်။    ကမ္ဘာအေးဘုရားလမ်းရှိ   လူမှုဝန်ထမ်းဌာနတွင်လည်း    ထိုနည်းတူဖွင့်လှစ်ခဲ့ပါသည်။   မကောင်းမှုဒုစရိုက် ဟူသမျှကိုပြုမူရန် အရက်သေစာမှ စိတ်ဆန္ဒတို့အားနှိုးဆော်ပေးလေ့ရှိသည်။ ရာဇဝတ်မှုများစွာကို ကျူးလွန်ရန် တွန်းအားပေးသောကြောင့်စိတ်ရိုင်းများဝင်ရောက်ပြီး ကိုယ်ကျင့်တရားပျက်ပြားကြရသည်။ ကိုယ်ကျင့်တရား စောင့်ထိန်းရန်အတွက် အရက်သေစာကို မလွဲမသွေရှောင်ကြဉ်ကြရပေမည်။ လူသားတို့သည် စောင့်ထိန်းအပ်သောတရားတို့ကို အတတ်နိုင်ဆုံး  စောင့်ထိန်းကြရမည်။ လူသားတိုင်းသည် အမှားနှင့်ကင်းကြသည်မဟုတ်။ သို့သော်လည်း အတတ်နိုင်ဆုံး အမှားနည်းအောင် ဆင်ခြင် နေထိုင်ကြရပေမည်။

စောင့်ထိန်းအပ်သော ကိုယ်ကျင့်တရားကို လူသားတိုင်းအပြည့်အဝ စောင့်ထိန်းနိုင်မည်မဟုတ်။ နေ့စဉ်စားဝတ်နေရေးအတွက်  ကျင်လည်နေကြရသည့်အခါ တစ်ခါတစ်ရံအမှားများလည်း  ရှိတတ်ပေသည်။  ကမ္ဘာကြီးငြိမ်းချမ်း သာယာရန်အတွက် လူသားတို့အပေါ်တွင် မူတည်သည်။ လူသားတို့သည် မိမိတို့စောင့်ထိန်းနိုင်သော ကိုယ်ကျင့်တရားကို စောင့်ထိန်းပါလျှင် အေးချမ်းသောလူ့ဘောင်လောကတစ်ခုကို ဆောက်တည်နိုင်ပေလိမ့်မည်။  ထို့ကြောင့် ကိုယ်ကျင့်တရားအကျင့်မြတ်တို့ကို မိမိတို့တတ်နိုင်သရွေ့ စောင့်ထိန်း၍ လူ့ဘောင်လောကကို အလှဆင်ကြပါစို့ဟု တိုက်တွန်းရေးသား လိုက်ရပေသည်။  ။

ညွန့်ဝင်း(နတ်တလင်း)