တောင်ကြီးမြို့နယ်အတွင်းရှိ PNO  အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များနှင့် နောင်မွန်ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်၊ နိုဝင်ဘာ - ၁၇    
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်အတွင်းရှိ PNO  အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များနှင့် နောင်မွန်ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား ယနေ့ နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် အဖွဲ့ဝင်များက တောင်ကြီးမြို့ PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့ရုံးခန်းမ၌ သွားရောက်တွေ့ဆုံ သည်။    
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအတွက် ဆန် ၃၆၄ အိတ်၊ ဆီ ၃၉၉ ပိဿာ၊ ဆား ၃၉၉ ပိဿာနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။