ဘာစီလိုနာတရားရုံးက ဒိုင်အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌဟောင်း နီဂရီရာကိုစစ်ဆေးပြီးနောက် ဘာစီလိုနာ အသင်းကို လာဘ်ပေးမှုဖြင့် တရားစွဲဆို

ဘာစီလိုနာတရားရုံးက ဒိုင်အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌဟောင်း နီဂရီရာကိုစစ်ဆေးပြီးနောက် ဘာစီလိုနာ အသင်းကို လာဘ်ပေးမှုဖြင့် တရားစွဲဆို

ဘာစီလိုနာတရားရုံးက စပိန်လာလီဂါအဖွဲ့ချုပ်  ဒိုင်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဟောင်း နီဂရီရာကို လာဘ် ပေးမှုဖြင့် စစ်ဆေးမှုများပြုလုပ်ပြီးနောက် ဘာစီလိုနာ အသင်းကိုလည်း  လာဘ်ပေးမှုဖြင့်  တရားစွဲဆိုခဲ့ပြီး မကြာမီ စစ်ဆေးမှုများပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် ၂၀၀၁ ခုနှစ်က စတင်ပြီး ၂၀၁၈ ခုနှစ်အထိ ၁၇ နှစ်ကြာကာလအတွင်း စပိန်လာလီဂါအဖွဲ့ချုပ် ဒိုင်အဖွဲ့ချုပ်ထံ  စတာလင်ပေါင် ခြောက်သန်းကို   အကြောင်းပြချက်မရှိဘဲ  တရား မဝင်နည်းလမ်းဖြင့်  ပေးဆောင်ခဲ့သည်ဟု  မတ်လအတွင်းက သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ဘာစီ လိုနာတရားရုံးက ဒိုင်အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌဟောင်း နီဂရီရာကို စစ်ဆေးမှုများပြုလုပ်ခဲ့သည်။ ဘာစီလိုနာ အသင်းအနေဖြင့် ဒိုင်အဖွဲ့ချုပ်ထံ လာဘ်ပေးမှုပြုလုပ်ခဲ့ သည်ဟု  စွဲချက်တင်ခဲ့ပြီး  ဘာစီလိုနာတရားရုံးမှ တရားသူကြီး ယာကွင်းအဂွီရီက ဘာစီလိုနာအသင်း ကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းဘက်က  အစောပိုင်းကတည်း က  မိမိတို့အနေဖြင့်  လာဘ်ပေးမှုပြုလုပ်ခြင်းမရှိခဲ့ဘဲ စပိန်လာလီဂါအဖွဲ့ချုပ်မှ    ဒိုင်လူကြီးများ၏ အရည်အသွေးပိုင်း   တိုးတက်လာစေမည့်လုပ်ငန်းများတွင်  အသုံးပြုရန် ပေးခဲ့ခြင်းဖြစ်သည်ဟု ပြောကြားထားသည်။

သို့သော်  ဘာစီလိုနာအသင်းသည်  စတာလင်ပေါင် ခြောက်သန်းကို ဒိုင်အဖွဲ့ချုပ်ထံ တိုက်ရိုက်ပေးဆောင်ခြင်း မဟုတ်ဘဲ  ဒိုင်အဖွဲ့ချုပ်  ဒုတိယဥက္ကဋ္ဌဟောင်း နီဂရီရာပိုင်ဆိုင်သည့်ကုမ္ပဏီထံ ပေးဆောင်ခဲ့ခြင်းဖြစ်သည်။

ဘာစီလိုနာတရားရုံးက    ဒုတိယဥက္ကဋ္ဌဟောင်း နီဂရီရာကို   ကနဦးစစ်ဆေးမှုများပြုလုပ်ပြီးနောက် ဘာစီလိုနာ အသင်းကိုလည်း တရားစွဲဆိုမှုများ ပြုလုပ်ထားသကဲ့သို့   ဥရောပဘောလုံးအဖွဲ့ချုပ်ကလည်း စစ်ဆေးမှုများပြုလုပ်ပြီး  အရေးယူရန်  ပြင်ဆင်နေ ကြောင်း သိရသည်။       

Ref;Marca