နယူးကာဆယ်အသင်းပိုင်ရှင်က မာလ်ဆေးအသင်းကိုဝယ်ယူပြီး နည်းပြအဖြစ် ဇီဒန်းကို ခန့်အပ်ရန် ကြိုးပမ်း

နယူးကာဆယ်အသင်းပိုင်ရှင်က မာလ်ဆေးအသင်းကိုဝယ်ယူပြီး နည်းပြအဖြစ် ဇီဒန်းကို ခန့်အပ်ရန် ကြိုးပမ်း

ပါရီ၊ ဘောလုံး

နယူးကာဆယ်အသင်းကို လက်ရှိပိုင်ဆိုင်ထားသည့် ဆော်ဒီနိုင်ငံမှ Saudi Arabian Public Investment Fund အုပ်စုက ပြင်သစ်လီဂူးဝမ်းထိပ်တန်းကလပ် မာလ်ဆေးအသင်းကို ဝယ်ယူပြီး နည်းပြအဖြစ် ကလပ်အသင်းလက်မဲ့ဖြစ်နေသည့် ဇီဒန်းကိုခန့်အပ်ရန် ကြိုးပမ်းလျက်ရှိ ကြောင်း သိရသည်။

Saudi Arabian Public Investment Fund အုပ်စုသည် ၂၀၂၂ ခုနှစ်က နယူးကာဆယ်အသင်းကို ဝယ်ယူပြီးနောက် ငွေကြေးရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ပြီး အသင်းကို ထိပ်တန်း အသင်းတစ်သင်း ဖြစ်အောင် တည်ဆောက်နိုင်ခဲ့ပြီး အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။

Saudi Arabian Public Investment Fund အုပ်စုက မန်စီးတီးအသင်းပိုင်ရှင်များ ကဲ့သို့ နယူးကာဆယ် အသင်းကို အခြေပြုပြီး တခြားဘောလုံးအသင်းများကို ဝယ်ယူကာ ဘောလုံး အင်ပါယာတစ်ခု တည်ဆောက်နိုင်ရန် ကြိုးပမ်းနေပြီး ယခုအခါ မာလ်ဆေးအသင်းကိုဝယ်ယူရန် ဆွေးနွေးမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

မာလ်ဆေးအသင်းရှယ်ယာ အများစုကို ပိုင်ဆိုင်ထားသည့် ဖရန့်မက်ကောင့်သည် ယခုဘောလုံးရာသီ အစပိုင်းတွင် အသင်းရလဒ်များ ဆိုးရွားနေခြင်းကြောင့် အသင်းကိုပြန်လည်ရောင်းချရန် အသင်းပရိသတ် များက ဖိအားပေးသည့်အတွက် ပြန်လည်ရောင်းချရန် စီစဉ်ခြင်းဖြစ်သည်။

ယခုအခါ Saudi Arabian Public Investment Fund  အုပ်စုက  မာလ်ဆေး အသင်းကို ဝယ်ယူပြီး အသင်းကို ငွေကြေးများစွာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ကာ ပီအက်စ်ဂျီအသင်းကို ယှဉ်ပြိုင်နိုင်ရန် နည်းပြ အဖြစ် ဇီဒန်းကိုခန့်အပ်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရသည်။                          

Ref;L'Equipe