ပိုက်ကျော်ခြင်း အားကစားနည်းမှ အမျိုးသား လေးယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်းက ဂျပန်အသင်းကို အနိုင်ရရှိပြီး ဗိုလ်လုပွဲ တက်ရောက်

ပိုက်ကျော်ခြင်း အားကစားနည်းမှ အမျိုးသား လေးယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်းက ဂျပန်အသင်းကို အနိုင်ရရှိပြီး ဗိုလ်လုပွဲ တက်ရောက်

နေပြည်တော်  အောက်တိုဘာ  ၃

    တရုတ်နိုင်ငံ ဟန်ကျိုးမြို့၌ကျင်းပသော (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်း အသင်းသည် ပိုက်ကျော်ခြင်း အားကစားနည်း အမျိုးသား လေးယောက်တွဲအကြို     ဗိုလ်လုပွဲတွင် မြန်မာအသင်းနှင့် ဂျပန်အသင်းတို့ ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက ဂျပန်အသင်းကို ၂ ပွဲ ၁ ပွဲဖြင့်အနိုင်ရရှိပြီး  ဗိုလ်လုပွဲသို့ တက်ရောက်သွားသည်။

အာရှအားကစားပြိုင်ပွဲ၏ ပိုက်ကျော်ခြင်း ပြိုင်ပွဲ လေးယောက်တွဲ အမျိုးသားပြိုင်ပွဲ အုပ်စု (က)တွင်   မြန်မာ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် လာအိုကျရောက်ခဲ့ပြီး မြန်မာ(အမျိုးသား) အသင်းသည် လေးယောက်တွဲ ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲတွင် လာအိုအသင်းအား ၂ ပွဲ ၁ ပွဲဖြင့်လည်းကောင်း၊ ဗီယက်နမ် အသင်းကို ၂ ပွဲ ၁ ပွဲဖြင့် လည်းကောင်းအနိုင်ရရှိပြီး မြန်မာအသင်းက အင်ဒိုနီးရှား အသင်းအား     နှစ်ပွဲပြတ်ဖြင့် ရှုံးနိမ့်ကာ ၃ ပွဲကစား၊ ၂ ပွဲနိုင် ၁ ပွဲရှုံးပြီး    အုပ်စုဒုတိယနေရာမှ ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ပြီး  အကြိုဗိုလ်လုပွဲတွင် အုပ်စု(ခ)မှ ဂျပန်အသင်းနှင့်တွေ့ဆုံကာ    ဂျပန်အသင်းအား ၂ ပွဲ ၁ ပွဲ၊ ရမှတ် (၉-၂၁) (၂၁-၁၈) (၁၅-၂၁)အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။

အောက်တိုဘာလ  ၄ ရက်(ယနေ့) တွင် ပိုက်ကျော်ခြင်း အားကစားနည်း ဗိုလ်လုပွဲ ပွဲစဉ်အဖြစ်  ဒေသစံတော်ချိန် နံနက် ၉ နာရီတွင်  မြန်မာအသင်းသည် အုပ်စုတွင် တွေ့ဆုံခဲ့သည့်  အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်း သိရသည်။