အာဆင်နယ်အသင်း ကွင်းလယ်ကစားသမား သောမက်ပါတေး ဒဏ်ရာပြန်လည် သက်သာလာသည့်အတွက် အသင်းနှင့်ပြန်လည် ပူးပေါင်းလေ့ကျင့်

အာဆင်နယ်အသင်း ကွင်းလယ်ကစားသမား သောမက်ပါတေး ဒဏ်ရာပြန်လည် သက်သာလာသည့်အတွက် အသင်းနှင့်ပြန်လည် ပူးပေါင်းလေ့ကျင့်

 

    ပေါင်ခြံဒဏ်ရာကြောင့် အနားယူနေခဲ့ရသည့် အာဆင်နယ်အသင်း  ကွင်းလယ်ကစားသမား သောမက်ပါတေးသည်  ဒဏ်ရာပြန်လည် သက်သာလာသည့်အတွက်  အသင်းနှင့်ပြန်လည် ပူးပေါင်းကာ လေ့ကျင့်မှုများ  စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

အသက်  ၃၀  အရွယ်  သောမက်ပါတေးသည် ယခုဘောလုံးရာသီတွင်  သြဂုတ်လ ၂၆ ရက်က ကစားသည့် လန်ဒန်ဒါဘီပွဲစဉ်ဖြစ်သော အာဆင်နယ်အသင်းနှင့် ဖူလ်ဟမ်အသင်းတို့  သရေရလဒ် ထွက်ပေါ်သည့် ပွဲစဉ်တွင် ပေါင်ခြံဒဏ်ရာရရှိခဲ့ပြီးနောက် ကာလရှည် အနားယူနေရသူဖြစ်သည်။

သောမက်ပါတေးသည် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီက အာဆင်နယ်အသင်း၌  နည်းပြအာတီတာ၏ အဓိကကွင်းလယ် ကစားသမားအဖြစ် ပွဲထွက်ခွင့်ရရှိခဲ့ပြီး  ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်   ၃၃  ပွဲအထိ  ပါဝင်ကစားခွင့်ရရှိခဲ့သူဖြစ်သည်။

သို့သော်   ယခုဘောလုံးရာသီ   ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်   သုံးပွဲသာ ပါဝင်ကစားပြီးနောက်  ဒဏ်ရာကြောင့်   ကာလရှည် အနားယူနေခဲ့ရာမှ  ယခုအခါ ပြန်လည်သက်သာ လာသည့်အတွက်    အသင်းနှင့် ပြန်လည်ပူးပေါင်း လာခြင်းဖြစ်သည်။

သောမက်ပါတေးသည် အောက်တိုဘာလ ၄ ရက်တွင် ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်သည့် အာဆင်နယ်အသင်းနှင့် လန်းအသင်းပွဲစဉ်တွင်  ပြန်လည်ပါဝင်နိုင် ဖွယ်ရှိကြောင်း သိရသည်။