ရှူးမေကာ၏ ကမ္ဘာ့ချန်ပီယံခုနစ်ကြိမ်စံချိန်ကို ဟာမီလ်တန် လိုက်မီ

အစ္စတန်ဘူလ်၊ ကားပြိုင်ပွဲ

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ နိုဝင်ဘာ ၁၅ ရက်ကကျင်းပသည့် တူရကီ ဂရင်းပရီဖော်မြူလာ ဝမ်းကား ပြိုင်ပွဲတွင် ဗြိတိန်နိုင်ငံသား လူးဝစ်ဟာမီလ်တန်သည် အဆင့်(၆)နေရာမှ ခဲရာခဲဆစ်ဖြင့် ပြိုင်ဘက် များကို ကျော်တက်ကာ ရှေ့ဆုံးမှပန်းဝင် ခဲ့ပြီးနောက် ယခုနှစ်အတွက် ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံဆုကို  ဆွတ်ခူးနိုင်ခဲ့သဖြင့် ဂျာမန်ဂန္ထဝင်ပြိုင်ကားသမားကြီး မိုက်ကယ်ရှူးမေကာ တင်ရှိထားသည့် ကမ္ဘာ့ချန်ပီယံ ခုနစ်ကြိမ်စံချိန်ကို လိုက်မီနိုင်ခဲ့သည်။

လက်ရှိတွင် ဦးခေါင်းထိခိုက်မှုကြောင့် ကိုမာဖြစ်နေသော မိုက်ကယ်ရှူးမေကာသည် ပြီးခဲ့သည့် ၁၆ နှစ်က ဘယ်လ်ဂျီယံဂရင်းပရီတွင် ခုနစ်ကြိမ်မြောက် ကမ္ဘာ့ချန်ပီယံဆုကိုရရှိခဲ့ပြီး ထိုစံချိန်ကို မည်သူမျှလိုက်မီ လိမ့်မည်မဟုတ်ဟု ထင်ကြေးပေးခဲ့ကြသည်။ သို့သော် အသက် ၃၆ နှစ်သာရှိသေးသော မာစီးဒီးအသင်းမှ ဟာမီလ်တန်က အံ့အားသင့်ဖွယ် စံချိန်လိုက်မီသွားသည့်အပြင် ပြိုင်ပွဲအနိုင်ရရှိမှုနှုန်းသည်ပင်လျှင်  ရှူးမေကာ ထက် ပိုများခဲ့ပြီး ပြိုင်ကားသမားဘဝ၌ ပြိုင်ပွဲ ၉၄ ပွဲအထိ အနိုင်ရဗိုလ်စွဲခဲ့သဖြင့် ဗြိတိန်အားကစား သမိုင်း တွင်   ထာဝရအအောင်မြင်ဆုံးသူအဖြစ် သတ်မှတ်ခံခဲ့ရသည်။

Ref:BBC