ချယ်လ်ဆီးအသင်း အဓိကတောင်ပံခံစစ် ကစားသမားဘန်ချီဝဲလ် တံကောက်ကြော ဒဏ်ရာကြောင့် အနည်းဆုံး သုံးလခန့်အထိ အနားယူရဖွယ်ရှိနေ

ချယ်လ်ဆီးအသင်း အဓိကတောင်ပံခံစစ် ကစားသမားဘန်ချီဝဲလ် တံကောက်ကြော ဒဏ်ရာကြောင့် အနည်းဆုံး သုံးလခန့်အထိ အနားယူရဖွယ်ရှိနေ

 

    ချယ်လ်ဆီးအသင်း  အဓိကတောင်ပံခံစစ် ကစားသမား ဘန်ချီဝဲလ်သည် တံကောက်ကြောဒဏ်ရာကြောင့် အနည်းဆုံး သုံးလခန့်အထိ အနားယူရဖွယ်ရှိနေကြောင်း သိရသည်။

အသက် ၂၆ နှစ်အရွယ်  ဘန်ချီဝဲလ်သည်  ယခု ဘောလုံးရာသီ စက်တင်ဘာလ ၂၈ ရက်က  ကစား သော   ချယ်လ်ဆီးအသင်းက  ဘရိုက်တန်အသင်းကို ၁ ဂိုး- ဂိုးမရှိဖြင့် ရှုံးနိမ့်သည့်ပွဲစဉ်တွင် တံကောက်ကြော  ဒဏ်ရာရရှိပြီးနောက်   အနားယူနေရသည့် အတွက်    ဖူလ်ဟမ်အသင်းနှင့် ပွဲစဉ်ကို လွဲချော်ခြင်းဖြစ်သည်။

ဘန်ချီဝဲလ်သည်  တံကောက်ကြောဒဏ်ရာနှင့် ပတ်သက်၍  အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ  ဒဏ်ရာမှာ ပိုမိုပြင်းထန်နေသည့်အတွက် အနည်းဆုံး သုံးလခန့်အထိ  အနားယူရမည့် အခြေအနေကြောင့်  ယခုနှစ်အတွင်းကစားမည့်    အသင်းနှင့်ပွဲစဉ်များကို လွဲချော်ဖွယ်ရှိနေပြီး  ၂၀၂၄  ခုနှစ်  ဇန်နဝါရီလဆန်း ပိုင်းမှသာ ပြန်လည်ပါဝင် ကစားနိုင်ဖွယ်ရှိသည်။

ဘန်ချီဝဲလ်က  “ကျွန်တော့်ဒဏ်ရာအတွက် ပရိသတ် တွေ စိတ်ပျက်နေမယ်ဆိုတာ သိပါတယ်။ ပရိသတ်တွေထက် ကျွန်တော်က ကိုယ့်ကိုယ်ကို ပိုပြီးစိတ်ပျက်မိပါ တယ်။အခုချိန် လုပ်ပေးနိုင်တာကတော့ ကျွန်တော်ဘေး ကနေပဲ အသင်းကို ကူညီပေးရုံပါ။ သုံးလလောက်အထိ နားရမယ်ဆိုပေမယ့်   အသင်းနဲ့အမြန်ဆုံးပြန်ကစား လာနိုင်အောင် ကြိုးစားမှာပါ”ဟု ပြောသည်။