ကန့်ဘလူမြို့နယ်နှင့် ရွှေဘိုမြို့နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

 

ကန့်ဘလူမြို့နယ်နှင့် ရွှေဘိုမြို့နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ - ၅

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်နှင့် ရွှေဘိုမြို့နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ယနေ့တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာနေရာများ၌ အသီးသီး သွားရောက်တွေ့ဆုံသည်။

        ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အမှာစကား အသီးသီး ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးပြီး ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ယင်းနောက်  ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များကိုယ်စား သက်ဆိုင်ရာ ကိုယ်စားလှယ် များက ကျေးဇူးတင်စကားများ အသီးသီး ပြန်လည်ပြောကြားခဲ့ကြကြောင်း သတင်း ရရှိသည်။