အကြိမ်(၃၀)မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ရေ၊လေ) မြန်မာ့သိုင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ ကျင်းပ

အကြိမ်(၃၀)မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ရေ၊လေ) မြန်မာ့သိုင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ ကျင်းပ

နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ - ၆

၂၀၂၃ ခုနှစ်၊ အကြိမ်(၃၀)မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း  တပ်မတော်(ကြည်း၊ ရေ၊ လေ) မြန်မာ့သိုင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ဇေယျာသီရိ တပ်မတော် အားကစားရုံ၊ (c)ရုံ၌ ပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ကိုယ်စား) နေပြည် တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဗိုလ်လုပွဲ ပွဲစဉ်ယှဉ်ပြိုင်နေမှု များကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တစ်ဦးချင်းဆုရရှိသူများ၊ အသင်းလိုက်ဆုရရှိသူများနှင့် ဒိုင်းဆုရရှိသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ)ကိုယ်စားပြုအသင်းတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ကိုယ်စား) တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒိုင်းဆု၊ ဆင့်ပွားဒိုင်းဆုနှင့် ငွေသားဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါ အကြိမ်(၃၀)မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) မြန်မာ့သိုင်းပြိုင်ပွဲကို ပြိုင်ပွဲဝင်(အမျိုးသား)အသင်း ၁၈ သင်းနှင့် (အမျိုးသမီး)အသင်း ၁၀ သင်းစီတို့ဖြင့် စက်တင်ဘာလ ၂၅ ရက်မှ ယနေ့အထိ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။