လားရှိုးမြို့၊ ကျိုင်းတုံမြို့နှင့် မုဒုံမြို့တို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတို့၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းနှင့် မွန်ရိုးရာလက်ယက် ကန်းသင်တန်း သင်တန်းဆင်းပွဲများ ပြုလုပ်
နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ - ၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဖွင့်လှစ် သင်ကြားပေးသည့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းနှင့် မွန်ရိုးရာလက်ယက် ကန်းသင်တန်း သင်တန်းဆင်းပွဲများကို ယနေ့တွင် လားရှိုးမြို့၊ ကျိုင်းတုံမြို့နှင့် မုဒုံမြို့ တို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတို့၌ ပြုလုပ်ရာ သက်ဆိုင်ရာပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်များနှင့် တိုင်းမှူးများက အမှာစကားများပြောကြား ပြီး သက်ဆိုင်ရာကျောင်းအုပ်ကြီးများက သင်တန်းကျောင်း ဆိုင်ရာအချက်အလက်များ အား ရှင်းလင်းတင်ပြကြသည်။ ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက ထူးချွန် ဆုရရှိကြသူများအား ထူးချွန်ဆုများနှင့် ဆုငွေများအားလည်းကောင်း၊ သင်တန်းသူ များအား သင်တန်းဆင်းအောင်လက်မှတ်များအားလည်းကောင်း၊ အသီးသီးပေးအပ်ကြ သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးစကားပြောကြားပြီး သင်တန်းကျောင်းများမှ ခင်းကျင်းပြသထားသည့် အဆင့်မြင့်အိမ်တွင်းမှု အသက်မွေး ဝမ်းကျောင်းထုတ်ကုန်ပစ္စည်းများ၊ သင်တန်းအထောက်အကူပြုပစ္စည်းများနှင့် သင်တန်းသူ များ ချုပ်လုပ်ထားသည့် အဝတ်အထည်များနှင့် အသုံးအဆောင်ပစ္စည်းများအား လိုက်လံကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။