တပ်မတော်ဆေးရုံများ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား သွားရောက် ကြည့်ရှုအားပေး

တပ်မတော်ဆေးရုံများ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား သွားရောက် ကြည့်ရှုအားပေး

နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ - ၆

ကချင်ပြည်နယ်၊ တနိုင်းမြို့ရှိ တပ်မတော်ဆေးရုံ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံ၊ တနင်္သာရီတိုင်းဒေကြီး၊ မြိတ်မြို့ရှိ တပ်မတော်ဆေးရုံ၊  စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ တပ်မတော်ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ တပ်မတော် ဆေးရုံနှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက် ဆေးကုသမှုခံယူနေသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူများအား ယနေ့တွင် တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိ သူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေး ထားမှု၊ ကျန်းမာရေးတိုးတက်ကောင်းမွန်မှုအခြေအနေများအား ရင်းရင်းနှီးနှီးလိုက်လံ မေးမြန်း အားပေးစကားပြောကြားပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဆေးရုံများအတွင်း လှည့်လည် ကြည့်ရှု၍လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်း ရရှိသည်။