၂၀၂၂-၂၀၂၃ ခုနှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ရေ၊လေ) ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ ကျင်းပ

၂၀၂၂-၂၀၂၃ ခုနှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ရေ၊လေ) ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ ကျင်းပ

နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ - ၆

၂၀၂၂-၂၀၂၃ ခုနှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း  တပ်မတော် (ကြည်း၊ ရေ၊ လေ) ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ယနေ့နံနက် ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ တပ်နယ်အားကစားရုံ၌ ပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ကိုယ်စား) တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဗိုလ်လုပွဲ ပွဲစဉ်များဖြစ်သည့် (၄)ပေါက်တန်းပြိုင်ပွဲနှင့် အခြေခံအထိ(၆)ချက်ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှု အားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တစ်ဦးချင်းဆု ရရှိသူများ၊ အသင်းလိုက်ဆုရရှိသူများ၊ ဒိုင်းဆုရရှိသောအသင်းနှင့် ဒိုင်အဖွဲ့ဝင်တို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ကိုယ်စား) တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒိုင်းဆု များနှင့် ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါ ၂၀၂၂-၂၀၂၃ ခုနှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၇ သင်းတို့ဖြင့် အောက်တိုဘာလ ၂ ရက်မှ ယနေ့အထိ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။