မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ
နေပြည်တော် အောက်တိုဘာ ၇
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၆ ရက် မွန်းလွဲ ၂ နာရီတွင် ပုသိမ်ကြီးမြို့နယ် အောင်ချမ်းသာကျေးရွာအုပ်စု ရေဝင်းကျေးရွာရှိ ချစ်ကိုကို၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၁၂ ကီလို စိတ်ကြွရူးသွပ်ဆေးပြား ၁၅၀၀၀ ကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့ ည ၆ နာရီခွဲတွင် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက် ဂေါက်ကွင်း အဆင်းလမ်းတွင် လော်ဘီ မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ ည ၇ နာရီတွင် တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု ဖတ်ဟိ(အောက်)ကျေးရွာရှိ ၎င်းနေထိုင်သည့်နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၂၀၀၀ ကို လည်းကောင်း၊ ထို့အတူ ယင်းနေ့ နံနက် ၈ နာရီတွင် ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့ ပါဟတ်ရပ်ကွက် အိုရီယမ်တယ်တိုးဂိတ် အနီးတွင် EXPRESSခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀ ကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့ နံနက် ၁၁ နာရီ မိနစ် ၂၀ တွင် ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ် ခါးသျှိကျေးရွာအုပ်စု ခါးသျှိကျေးရွာအနီးတွင် အိုက်ဆေ့မောင်းနှင်ပြီး စိုင်းအိုက်မွန်း လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၆၆ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။