အာရှအားကစားပြိုင်ပွဲ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် ဂျပန်အမျိုးသမီး အသင်းက မြောက်ကိုရီးယား အမျိုးသမီး အသင်းကို ၄ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိပြီး ရွှေတံဆိပ်ဆု ဆွတ်ခူး
တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် ဂျပန်အမျိုးသမီးအသင်းက မြောက်ကိုရီးယား အမျိုးသမီး
အသင်းကို ၄ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ အမျိုး သမီးဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်တွင် ဂျပန် အမျိုးသမီးအသင်းက အိမ်ရှင် တရုတ်အမျိုးသမီးအသင်းကို ၃ ဂိုး-၄ ဂိုးဖြင့်အနိုင်ရရှိပြီး ဗိုလ်လုပွဲစဉ်သို့ တက်ရောက်နိုင်ခဲ့သကဲ့သို့ မြောက်ကိုရီးယားအမျိုးသမီးအသင်းကလည်း ဥဇဘတ်ကစ္စတန်အမျိုးသမီးအသင်းကို ၈ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲစဉ်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
ဗိုလ်လုပွဲစဉ်တွင် ဂျပန်အမျိုးသမီးအသင်းက မြောက် ကိုရီးယားအမျိုးသမီးအသင်းကို ခြေစွမ်းပိုင်းအသာစီး ဖြင့်ကစားနိုင်ခဲ့ကာ ဂိုးပြတ်အနိုင်ရရှိပြီး ရွှေတံဆိပ် ဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ အမျိုး သမီးဘောလုံးပြိုင်ပွဲ ပြီးဆုံးချိန်တွင် ရွှေတံဆိပ်ဆုကို ဂျပန်အမျိုးသမီးအသင်း၊ ငွေတံဆိပ်ဆုကို မြောက်ကိုရီး ယားအမျိုးသမီးအသင်း၊ ကြေးတံဆိပ်ဆုကို အိမ်ရှင် တရုတ်အမျိုးသမီးအသင်းတို့က ဆွတ်ခူးရရှိပြီး ဂျပန် အမျိုးသမီးအသင်းသည် အာရှအားကစားပြိုင်ပွဲတွင် နှစ်ကြိမ်ဆက် ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။