360 Fight Club V မျိုးဆက်သစ် မြန်မာ့ရိုးရာလက်ဝှေ့အောင်လံဗိုလ်လုပွဲများကျင်းပ

360 Fight Club V မျိုးဆက်သစ် မြန်မာ့ရိုးရာလက်ဝှေ့အောင်လံဗိုလ်လုပွဲများကျင်းပ

ရန်ကုန်  အောက်တိုဘာ  ၈

 

မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ်ကကြီးမှူးပြီး 360 Sports က စီစဉ်ပြုလုပ်သည့် 360 Fight Club V မျိုးဆက်သစ် မြန်မာ့ရိုးရာလက်ဝှေ့ အောင်လံဗိုလ်လုပွဲနှင့် အောင်လံထိန်းရိုးရာ လက်ဝှေ့ပွဲစဉ်များကို ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ သိမ်ဖြူလက်ဝှေ့ရုံ၌ ကျင်းပသည်။

ယင်းပြိုင်ပွဲ၏ အောင်လံဗိုလ်လုပွဲ အမျိုးသား ၅၄-၅၇ ကီလိုတန်း စောကဲဒို(Holy Power)နှင့် အောင်ရဲနိုင်(Power Punch)တို့ပွဲတွင် စောကဲဒိုခြေကန်ချက်ကောင်းသလို အောင်ရဲနိုင်ရဲ့ဖြောင့်လက်သီးတွေ ကလည်းအားပါသည်။ ပထမအချီတွင် အပြန် အလှန်ရှိသော်လည်း ဒုတိယအချီပွဲစပြီး ၁၀ စက္ကန့်အရောက်တွင်   စောကဲဒို၏ထောက်လက်သီးမိပြီး အောင်ရဲနိုင်လဲကျကာ အမှတ်စဉ်ရေတွက်ခံရသည်။ ၅၈ စက္ကန့် အရောက်တွင် အောင်ရဲနိုင်အမှတ်စဉ်ထပ်မံရေတွက်ခံရပြီး ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ ဒုတိယအချီ ၁ မိနစ်  ၂၈  စက္ကန့်တွင် စောကဲဒိုက အလဲထိုးဖြင့် အနိုင်ရရှိသွားသည်။

အမျိုးသား  ၆၀-၆၃.၅ ကီလိုတန်းအောင်လံဗိုလ်လုပွဲတစ်ပွဲဖြစ်သည့် လောကွာဒူး(တော်ဝင်ရိုးရာ)နှင့် ဂေါ်ဒိုထူး (ရိုးရာကျား)တို့ပွဲတွင် ဂေါ်ဒိုထူးကဦးဆောင်ကစားသော်လည်း အငြိမ်ကစားသည့် လောကွာဒူးရဲ့ လက်သီးတွဲလုံးများကြောင့် ဂေါ်ဒိုထူးထင်တိုင်းလုပ်မရဖြစ်ကာ   ဒုတိယအချီတွင် နှစ်ဦးသားနိုင်လိုဇောဖြင့် ဆိုင်ထိုးပြိုင်ထိုး ခဲ့သော်လည်း အနိုင်အရှုံးမပေါ်ဘဲရှိကာ တတိယအချီအထိယှဉ်ပြိုင်ခဲ့ပြီး လောကွာဒူးက ဒိုင်အဆုံးအဖြတ်ဖြင့်အနိုင်ရရှိပြီး အောင်လံကိုရရှိသွားသည်။ အမျိုးသား ၆၇-၇၁ အောင်လံဗိုလ်လုပွဲတွင် အာကာဖြိုး(Tiger Gym)နှင့် ဇော်သက်နောင်(Knight)တို့ပွဲတွင် ပထမအချီ ၂ မိနစ် ၁၇ စက္ကန့်အရောက်၌ ဇော်သက်နောင်ကအလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။

အောင်လံထိန်းပွဲစဉ်များဖြစ်သည့် အမျိုးသား ၅၄-၅၇ ကီလိုတန်း နော်နော်(Python)နှင့် အောင်ကို (Tiger GYM)တို့ပွဲတွင် နော်နော်ကဒိုင်ပွဲရပ်ဖြင့်လည်းကောင်း၊ ရိန်နော်(K.C.K)နှင့် စောထီး(ကျားမနိုင်) တို့ပွဲတွင် စောထီးကအလဲထိုးဖြင့်လည်းကောင်း၊ အမျိုးသား ၅၇-၆၀ ကီလိုတန်း ကျားရိုင်း(ကျားဘုရင်)နှင့် ကဲဒိုစေး(ရိုးရာကျား)တို့ပွဲတွင် ကျားရိုင်းကလည်းကောင်း၊ မင်းခန့်စိုး(နဂါးမာန်)နှင့် အောင်ခန့်(Smart Fight)တို့ပွဲတွင် မင်းခန့်စိုးကလည်းကောင်း၊ အမျိုးသား ၆၀-၆၃ ကီလိုတန်း ရိန်ကြွယ်နော်(Python)နှင့် ကောင်းဆက်နိုင်(ရိုးရာကျား)တို့ပွဲတွင် ရိန်ကြွယ်နော်ကလည်းကောင်း၊ အမျိုးသား ၆၇-၇၀ ကီလိုတန်း ရဲမင်း(Python)နှင့် အဒူး(Eagle)တို့ပွဲတွင် ရဲမင်းကလည်းကောင်း အသီးသီး အနိုင်ရရှိကြသည်။

ထို့အတူ အောင်လံထိန်းပွဲစဉ်များဖြစ်သည့် အမျိုးသား ၅၂-၅၄ ကီလိုတန်းပြိုင်ပွဲတွင် မြင့်မြတ်ဟိန်း (လုံးချောကလပ်)နှင့် အောင်ကောင်းကျော်(Ray)၊ အမျိုးသား ၅၄-၅၇ ကီလိုတန်းပြိုင်ပွဲတွင်  စိုးနောင်နောင်(ဒေါနသွေး)နှင့်  သန်းလင်းအောင်(Ray)၊ အမျိုးသား ၅၇-၆၀ ကီလိုတန်းပြိုင်ပွဲတွင် ရဲကျော်အောင်(360 Sports)နှင့် ဈာန်ထွန်း(အဖြူရောင်သွေးသစ်)၊ အမျိုးသား ၆၀-၆၃ ကီလိုတန်းပြိုင်ပွဲတွင် ညီရဲခန့်(Y.E.C)နှင့် ရဲလင်းဇော်(Smart Fight)တို့ အသီးသီး ယှဉ်ပြိုင်ထိုးသတ် ကြသော်လည်း အနိုင်အရှုံးမပေါ်ဘဲ  ပူးတွဲသရေဖြင့်သာ အဆုံးသတ်ခဲ့ကြသည်။              

  ဝန်းရံခ