ရန်ကုန်တိုင်းဒေသကြီး မြန်မာဘော်လီဘောလူမှုရေးအသင်း ဘော်လီဘောပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး မြန်မာဘော်လီဘောလူမှုရေးအသင်း ဘော်လီဘောပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ရန်ကုန်  အောက်တိုဘာ  ၈

 

ရန်ကုန်တိုင်းဒေသကြီး မြန်မာဘော်လီဘောလူမှုရေးအသင်း၏  ဘော်လီဘောပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင်   ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်  အောင်ဆန်း အားကစားပြိုင်ဝင်းရှိ မိုးလုံလေလုံခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အသက် ၁၈ နှစ်အောက်အမျိုးသားပြိုင်ပွဲ၊ အသက် ၂၂ နှစ်အောက်အမျိုးသမီးပြိုင်ပွဲနှင့် အသက် ၂၅ နှစ်အောက် အမျိုးသားပြိုင်ပွဲတို့၏ နောက်ဆုံးယှဉ်ပြိုင်မှုများ ကျင်းပပြီး ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပသည်။

အသက် ၁၈ နှစ်အောက်  အမျိုးသားပြိုင်ပွဲတွင် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)က ပထမ၊ အုတ်ကျင်းလူငယ်ကဒုတိယ၊ ရွှေပြည်သာအသင်းနှင့်ကွမ်းခြံကုန်းအသင်းတို့က    ပူးတွဲတတိယ၊ အသက် ၂၂ နှစ်အောက်   အမျိုးသမီးပြိုင်ပွဲတွင်  Ravens အသင်းက ပထမ၊ တွံတေးအသင်းက ဒုတိယ၊ WDC အသင်းနှင့် ကွမ်းခြံကုန်းအသင်းက ပူးတွဲတတိယ၊ အသက် ၂၅ နှစ်အောက် အမျိုးသားပြိုင်ပွဲတွင် အုတ်ကျင်းလူငယ်အသင်းက ပထမ၊ လှည်းကူးပညာရေးဒီဂရီကောလိပ်အသင်းက  ဒုတိယ၊ ကွမ်းခြံကုန်းအသင်းနှင့်  တွံတေးအသင်းတို့က   ပူးတွဲတတိယဆုများရရှိကြရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင်၊ မြန်မာဘော်လီဘော လူမှုရေးအသင်းဥက္ကဋ္ဌ ဦးရဲနိုင်နှင့်တာဝန်ရှိသူတို့က   ဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါ ဘော်လီဘောပြိုင်ပွဲကို အောက်တိုဘာလ ၁ ရက်မှ ၈ ရက်အထိ ကျင်းပခဲ့ပြီး အသက် ၁၈ နှစ်အောက် အမျိုးသားပြိုင်ပွဲတွင် ၁၃ သင်း၊  အသက် ၂၂  နှစ်အောက် အမျိုးသမီးပြိုင်ပွဲတွင်  ၁၁ သင်း၊ အသက် ၂၅ နှစ်အောက်  အမျိုးသားပြိုင်ပွဲတွင်  ၈ သင်းတို့မှ  ကစားသမား ၃၂၀ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။                         

ဝန်းရံခ