ဘရန့်ဖို့ဒ်အသင်းကို အချိန်ပိုသွင်းဂိုးဖြင့် အနိုင်ရရှိပြီးနောက် မန်ယူအသင်း သမိုင်းတစ်လျှောက် မိနစ် ၉၀ အထိရှုံးနိမ့်ပြီးမှ ပြန်လည်အနိုင်ရရှိသည့် ပထမဆုံးပွဲစဉ်အဖြစ် မှတ်တမ်းဝင်
ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၈)အဖြစ် မန်ယူအသင်းနှင့် ဘရန့်ဖို့ဒ်အသင်းတို့ ကစားသည့်ပွဲစဉ်တွင် မန်ယူ အသင်းက အချိန်ပိုသွင်းဂိုးဖြင့် အနိုင်ရရှိပြီးနောက် အသင်းသမိုင်းတစ်လျှောက် မိနစ် ၉၀ အထိရှုံးနိမ့်ပြီး မှ ပြန်လည်အနိုင်ရရှိသည့် ပထမဆုံးပွဲစဉ်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်၌ ဘရန့်ဖို့ဒ်အသင်းက ပွဲချိန် ၂၆ မိနစ်တွင် ဂျန်ဆန်၏သွင်းဂိုးဖြင့် မန်ယူအသင်းကို ပွဲချိန် မိနစ် ၉၀ အထိ ဦးဆောင်နိုင်ခဲ့သော်လည်း နာကျင်အချိန်ပို ခြောက်မိနစ်တွင် ပေးခဲ့ရသည့် ချေပဂိုး နှင့် အနိုင်ဂိုးများကြောင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းသည် မိနစ် ၉၀ အထိ ဘရန့်ဖို့ဒ် အသင်း၏ ၁ ဂိုး- ဂိုးမရှိဖြင့် ဦးဆောင်ခြင်းခံထားရသော်လည်း ပွဲပြီးဆုံးခါနီး နာကျင်အချိန်ပိုတွင် လူစားလဲမှုများ ပြုလုပ်ခဲ့ပြီးနောက် လူစားဝင်ကစားသမားဖြစ်သည့် တွမ်မီနေးလ်က နာကျင်အချိန်ပို သုံးမိနစ်တွင် ချေပဂိုးသွင်းယူခဲ့ပြီး ခြောက်မိနစ်တွင် လည်း တွမ်မီနေးလ်ကပင် အသင်းအတွက် အနိုင် ဂိုးကို သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်း သမိုင်းတစ်လျှောက် ပွဲချိန်မိနစ် ၉၀ အထိ ပြိုင်ဘက်အသင်း၏ ဦးဆောင်မှုခံရပြီး ပြန်လည်အနိုင်ရရှိသည့် ပွဲစဉ်တစ်ပွဲမျှမရှိဘဲ ယခုအခါ ဘရန့်ဖို့ဒ်အသင်းကို ပွဲချိန်မိနစ် ၉၀ အထိ ရှုံးနိမ့်ပြီးမှ ပြန်လည်အနိုင်ရရှိသည့် ပထမဆုံးပွဲစဉ် အဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းသည် အိမ်ကွင်း၌ ဘရန့်ဖို့ဒ်အသင်း နှင့်ပွဲစဉ်မတိုင်မီက ခရစ္စတယ်ပဲလေ့စ် အသင်းနှင့် ဂါလာတာဆာရေး အသင်းတို့ကို နှစ်ပွဲဆက်ရှုံးနိမ့် ပြီးနောက် ဘရန့်ဖို့ဒ်အသင်းနှင့် ပွဲစဉ်တွင် ပြန်လည် အနိုင်ရရှိသည့်အတွက် အသင်းသမိုင်းတစ်လျှောက် အိမ်ကွင်းသုံးပွဲဆက် ရှုံးနိမ့်မည့်မှတ်တမ်းဆိုးမှ ရှောင် ရှားနိုင်ခဲ့ကြောင်း သိရသည်။