၂၀၂၂- ၂၀၂၃ ခုနှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

၂၀၂၂- ၂၀၂၃ ခုနှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ - ၉

          ၂၀၂၂- ၂၀၂၃ ခုနှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ညနေပိုင်းတွင်  အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ပုသိမ်တပ်နယ် အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အားကစား သမားများ တက်ရောက်ကြသည်။

          ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား တိုင်းမှူးက အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့်တက်ရောက်လာကြသူများက ပိုက်ကျော်ခြင်း ပြိုင်ပွဲ အဖွင့်ပွဲစဉ်ဖြစ်သည့်  နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အသင်းနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့၏ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှု အားပေးကြသည်။

          အဆိုပါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) ပိုက်ကျော်ခြင်း ပြိုင်ပွဲကို  ပြိုင်ပွဲဝင်အသင်း ၂၄ သင်းဖြင့် အောက်တိုဘာ ၂၀ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။