၂၀၂၃ ခုနှစ် (၄၄)ကြိမ်မြောက် ပြည်နယ်နှင့် တိုင်းဒေသကြီး မြန်မာ့ရိုးရာ ဝိုင်းဖွဲ့ခြင်းလုံးခတ်ပြိုင်ပွဲ ကျင်းပ
နေပြည်တော် အောက်တိုဘာ ၁၀
၂၀၂၃ ခုနှစ် (၄၄)ကြိမ်မြောက် ပြည်နယ်နှင့် တိုင်းဒေသကြီး(အမျိုးသား) မြန်မာ့ရိုးရာ ဝိုင်းဖွဲ့ခြင်းလုံးခတ်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့မွန်းလွဲ ၁ နာရီမှစ၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ဆက်လက် ကျင်းပခဲ့သည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ်(အမျိုးသား)ပြိုင်ပွဲ ကျား(၆)ပေါက်ပွဲစဉ်များအဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းက ရမှတ် ၁၃၇၆ မှတ်၊ ရှမ်းပြည်နယ်အသင်းက ရမှတ် ၇၂၂ မှတ်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက ရမှတ် ၉၆၇ မှတ်၊ စစ်ကိုင်းတိုင်း ဒေသကြီးအသင်းက ရမှတ် ၅၅၂ မှတ်၊ ဧရာဝတီတိုင်းဒေသကြီး အသင်းက ရမှတ်၁၀၅၄ မှတ်၊ မွန်ပြည်နယ်အသင်းက ရမှတ်၆၄၃ မှတ်၊ ကရင်ပြည်နယ်အသင်းက ရမှတ် ၅၉၀ မှတ်၊ ပဲခူးတိုင်းဒေသကြီး အသင်းက ရမှတ် ၉၄၁ မှတ် အသီးသီး ရရှိခဲ့ကြသည်။
အောက်တိုဘာလ ၁၁ ရက်(ယနေ့) နံနက် ၉ နာရီမှစ၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)တွင် (အမျိုးသား)ပြိုင်ပွဲ ကျား(၆)ပေါက် ပွဲစဉ်များအဖြစ် ရန်ကုန်တိုင်းဒေသကြီး အသင်းနှင့် တနင်္သာရီတိုင်း ဒေသကြီးအသင်း၊ မကွေးတိုင်းဒေသကြီး အသင်းနှင့် ရခိုင်ပြည်နယ်အသင်း၊ ရှမ်းပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီး အသင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းတို့ ကစားကြမည်ဖြစ်ပြီး (အမျိုးသမီး)ပြိုင်ပွဲ မ(၄)ပေါက်ပွဲစဉ်များအဖြစ် ပဲခူးတိုင်း ဒေသကြီးအသင်းနှင့် မန္တလေးတိုင်း ဒေသကြီးအသင်း၊ ရှမ်းပြည်နယ်အသင်းနှင့် ပြည်ထောင်စု နယ်မြေ နေပြည်တော်အသင်း၊ ရန်ကုန်တိုင်းဒေသကြီး အသင်းနှင့် ဧရာဝတီတိုင်း ဒေသကြီးအသင်းတို့ ဆက်လက်ကစား သွားကြမည်ဖြစ်ရာ မြန်မာ့ရိုးရာခြင်းလုံး အားကစားကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။