တပ်မတော်(ကြည်း၊ ရေ၊ လေ) လက်ရုံး/ဝန်ထမ်းတပ်များတွင် စစ်မှုထမ်းဆောင်ရန် အခြားအဆင့် အမျိုးသမီးစစ်မှုထမ်းများ အလိုရှိသည်
၁။ လျှောက်ထားသူသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ(အပျို)ဖြစ်ရမည်။
(ခ) လျှောက်ထားသူသည် ၁-၁၂-၂၀၂၃ ရက်နေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီး အသက်(၂၅)နှစ်ထက်မကြီးရ။
(ဂ) အခြေခံပညာ အဋ္ဌမတန်း အောင်မြင်ပြီးသူဖြစ်ရမည်။
(ဃ) အနည်းဆုံး အရပ်(၅)ပေ(၂)လက်မ၊ ကိုယ်အလေးချိန် ပေါင်(၁၀၀)နှင့် အထက်ရှိရမည်။
(အထက်ပါအတိုင်း ကိုယ်အလေးချိန် သတ်မှတ်ထားသော်လည်း အသက်ငယ်ရွယ်သူများဖြစ်သဖြင့် ကိုယ်အလေးချိန်အား ခြွင်းချက်အနေဖြင့် စဉ်းစားပါမည်။)
(င) မျက်မှန်တပ်ဆင်ထားသူများ မဖြစ်စေရ။
၂။ လျှောက်လွှာများအား နီးစပ်ရာ တပ်/ဌာနချုပ်များတွင် အခမဲ့ထုတ်ယူ၍ဖြစ်စေ၊ Myawady Webportal (www.myawady.net.mm/private(female)) တွင် Download ရယူ၍ဖြစ်စေ အောက်ပါစာရွက်စာတမ်းများ နှင့်အတူ ၂၀-၉-၂၀၂၃ ရက်နေ့မှ ၂၆-၁၀-၂၀၂၃ ရက်နေ့အတွင်း နီးစပ်ရာ တပ်/ဌာနချုပ်များသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ ပေးပို့လျှောက်ထားရမည်-
(က) နိုင်ငံသားစိစစ်ရေး ကတ်ပြား(မိတ္တူ)။
(ခ) အခြေခံပညာ အဋ္ဌမတန်းအောင်မြင်ကြောင်း သက်ဆိုင်ရာ ကျောင်းထွက်လက်မှတ်(မူရင်း)နှင့် ဒီပလိုမာ/ဘွဲ့ရရှိပြီးသူများဖြစ်ပါက ဒီပလိုမာ/ဘွဲ့လက်မှတ်(မူရင်း)။
(ဂ) အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး/မြို့နယ် ရဲတပ်ဖွဲ့စခန်း တစ်ခုခုမှ တင်ပြသည့်နေ့ မတိုင်မီ တစ်လအတွင်းရရှိသည့် ထောက်ခံစာ(မူရင်း)။
(ဃ) တစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ် ရောင်စုံဓာတ်ပုံ (၃) ပုံ။
(င) အိမ်ထောင်စုဝင်စာရင်း(မိတ္တူ)။
(စ) မိဘ/အုပ်ထိန်းသူ၏ သဘောတူညီကြောင်း ထောက်ခံချက်။
၃။ ပဏာမရွေးချယ်ကြောင်း အကြောင်းကြားစာ ရရှိသူများသည် သတ်မှတ်ရက်အတွင်း လျှောက်ထားခဲ့သည့် စစ်ဌာနချုပ်များသို့ သတင်းပို့ရမည်။ ရွေးချယ်ခံရသူများသည် စစ်ဘက်ဆိုင်ရာ ဆေးစစ်ခြင်းများပြုလုပ်၍ ဆေးစစ်အောင်မြင်သူများအား သင်တန်းသူအဖြစ် အတည်ပြုရွေးချယ်မည်။
၄။ အခြေခံတပ်သားသစ်သင်တန်းကို ၄ လ တက်ရောက်ရမည်။ သင်တန်းတက်ရောက်နေစဉ် ကာလအတွင်း တပ်သားသစ်လစာ (၁၄၄၀၀၀)ကျပ်ကို ခံစားခွင့်ပြုမည်။ သင်တန်းပြီးဆုံးပါက တပ်သားအခြေခံလစာ (၁၅၀၀၀၀)ကျပ်နှင့် စရိတ်များ ခံစားခွင့်ရရှိမည်။
၅။ အခြေခံတပ်သားသစ်သင်တန်း တက်ရောက်နေစဉ် ကာလအတွင်း မိမိတာဝန်ထမ်းဆောင်လိုသည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) လက်ရုံး/ဝန်ထမ်း တပ်ဖွဲ့တစ်ခုခုသို့ ဆန္ဒပြုရွေးချယ်နိုင်ပြီး သင်တန်းဆင်းပြီး သတ်မှတ်ချက် ကိုက်ညီပါက မိမိဆန္ဒပြု ရွေးချယ်ထားသည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) လက်ရုံး/ဝန်ထမ်းတပ်ဖွဲ့(သို့မဟုတ်) သင့်လျော်ရာ လက်ရုံးဝန်ထမ်း တပ်ဖွဲ့တစ်ခုခုတွင် တာဝန်ထမ်းဆောင်ရမည်။
မှတ်ချက်။ အသေးစိတ် သိရှိလိုပါက နီးစပ်ရာ တပ်/ဌာနချုပ်များတွင် စုံစမ်းမေးမြန်းနိုင်သည်။