၂၀၂၃- ၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယအကြိမ်) ကျောင်းဝတ်စုံနှင့် စာရေး ကိရိယာများ ထောက်ပံ့ ပေးအပ်

၂၀၂၃- ၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယအကြိမ်) ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ - ၁၁

          ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ မိသားစု ဝင် ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယအကြိမ်) ကျောင်းဝတ်စုံနှင့် စာရေး ကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ ဇေယျာသီရိ ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။