ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ်၊ တိုင်းမှူးဒိုင်း ရေကူးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ - ၁၂
ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ်၊ တိုင်းမှူးဒိုင်း ရေကူးပြိုင်ပွဲ ဖွင့်ပွဲကို အောက်တိုဘာလ ၁၁ ရက် မွန်းလွဲပိုင်းတွင် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေး တက္ကသိုလ်ရေကူးကန်၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊မိသားစုများ၊ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ရေကူးပြိုင်ပွဲဝင် အားကစားသမားများ၏ အဖွင့်ပွဲစဉ် ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ ရေကူးပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့ များမှ ပြိုင်ပွဲဝင်အသင်း ၅ သင်းဖြင့် အောက်တိုဘာလ ၁၁ ရက်မှ ၁၃ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။