နည်းပြဝိန်းရွန်းနီကို ဘာမင်ဂမ်အသင်းက နည်းပြသစ်အဖြစ် သုံးနှစ်စာချုပ်ချုပ်ဆို ခန့်အပ်နိုင်ကြောင်း ကြေညာ
မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက် အသင်းနှင့် လမ်းခွဲပြီးနောက် ကလပ်အသင်း လက်မဲ့ဖြစ်နေသည့် နည်းပြဝိန်းရွန်းနီကို အင်္ဂလန် ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်အသင်းက နည်းပြသစ်အဖြစ် သုံးနှစ်စာချုပ်ချုပ်ဆို ခန့်အပ်နိုင်ခဲ့ကြောင်း အတည်ပြု ကြေညာခဲ့သည်။
အသက် ၃၇ နှစ်အရွယ် ဝိန်းရွန်းနီသည် ၂၀၂၁ ခုနှစ် ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှ အနားမယူမီကတည်းက အင်္ဂလန် ချန်ပီယံရှစ်ကလပ် ဒါဘီကောင်တီအသင်း၌ ကစားသမား အဖြစ်သာမက နည်းပြအဖြစ်ပါ ပူးတွဲတာဝန် ထမ်းဆောင်ပြီး နည်းပြလောကသို့ စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
ဝိန်းရွန်းနီသည် ၂၀၂၂ ခုနှစ်က ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှ အနားယူပြီးနောက် ဒါဘီကောင်တီ အသင်းကို နည်းပြအဖြစ် ဆက်လက် တာဝန်ယူကိုင်တွယ်ပြီး ရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင်နိုင်သော်လည်း အသင်းအနေဖြင့် ဘဏ္ဍာရေးစည်းမျဉ်းကြောင့် ရမှတ်လျှော့ခံရသည့်အတွက် ဒါဘီကောင်တီအသင်းနှင့်လမ်းခွဲကာ ပြီးခဲ့သည့်ဇူလိုင်လက ဒီစီ ယူနိုက်တက် အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
သို့သော် နည်းပြဝိန်းရွန်းနီသည် ဒီစီယူနိုက်တက် အသင်း၌ လပိုင်းသာတာဝန်ယူ ကိုင်တွယ်ခဲ့ပြီးနောက် ဘာမင်ဂမ်အသင်းက နည်းပြသစ်ခန့်အပ်ရန် ကမ်းလှမ်းလာသည့် အတွက် ဒီစီယူနိုက်တက် အသင်းနှင့် စာချုပ်ဖျက်သိမ်းကာ လမ်းခွဲခြင်းဖြစ်ကြောင်း သိရသည်။