အမျိုးသားမြေ အသုံးချမှု ကောင်စီ၏ ပဉ္စမအကြိမ် အစည်းအဝေး ကျင်းပ

နေပြည်တော်  သြဂုတ်  ၁၁

အမျိုးသားမြေအသုံးချမှုကောင်စီ၏ ပဉ္စမအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ သယံ ဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန သစ်တောဦးစီးဌာန အင်ကြင်းခန်းမ ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဦးစိုးဝင်း၊ ဦးသောင်းထွန်း၊ ဒေါက်တာ အောင်သူ၊ ဦးသန့်စင်မောင်၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်နှင့် ဦးဟန်ဇော်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ ဒုတိယ ရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ လုပ်ငန်းကော်မတီဝင်များ၊ နည်းပညာ အကြံပေးအဖွဲ့နှင့် တာဝန် ရှိသူများ  တက်ရောက်ကြသည်။

အစည်းအဝေးတွင် အမျိုးသားမြေအသုံး ချမှုကောင်စီဥက္ကဋ္ဌ    ဒုတိယသမ္မတဦးဟင်နရီဗန် ထီးယူက အမှာစကား ပြောကြားသည်။

ထို့နောက် ကောင်စီအတွင်းရေးမှူး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက စတုတ္ထအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဘက်စုံမြေအသုံးချမှု စီမံကိန်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် အမျိုးသားမြေဥပဒေရေးဆွဲ ပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေ များ သဟဇာတဖြစ်ရေး လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်က အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေး ဆောင်ရွက်နေမှု အခြေအနေနှင့် လုပ်ငန်း ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ မြန်မာနိုင်ငံ အမျိုးသားမြေပုံစနစ်ရေးဆွဲအကောင်အထည် ဖော်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ  သယံ ဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက လုပ်ငန်းကော်မတီ၏ ဆောင် ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်သွား မည့် အစီအမံများကိုလည်းကောင်း၊ သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်က   မြေအသုံးချမှုစီမံကိန်း ရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်း ကော်မတီ၏   ဆောင်ရွက်မှုအခြေအနေ များကိုလည်းကောင်း၊  ရှင်းလင်းတင်ပြကြ သည်။

ထို့နောက် ကောင်စီဝင် ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးစိန်ဝင်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်  စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့် စင်မောင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်တို့က ပြည်တွင်းပြည်ပရင်းနှီး မြှုပ်နှံသူများအတွက် မြေအသုံးချနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရန် လိုအပ်မှုအခြေ အနေ၊ လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့်အား စနစ်တကျစိစစ်ဆောင် ရွက်နိုင်ရေး၊ စက်မှုဇုန်နှင့် အထူးစီးပွားရေး ဇုန်များ ထူထောင်ရေးအတွက် မြေအသုံးချ နိုင်ရေး၊ စားကျက်မြေနှင့် ကျေးရွာဘုံပိုင် မြေများထားရှိနိုင်ရေး၊ တိုင်းရင်းသား လူမျိုး များ၏ရိုးရာဓလေ့အရ မြေပိုင်ဆိုင်အသုံးချမှု စီမံခန့်ခွဲနိုင်ရေး၊ ဆက်သွယ်ရေးတာဝါတိုင် များတည် ဆောက်ခြင်း၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းများနှင့် မဟာဓာတ်အား လိုင်းများသွယ်တန်းခြင်းတို့အတွက် မြေအသုံး ချမှုဆိုင်ရာကိစ္စရပ်များ၊  မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများနှင့် အိမ်ရာစီမံကိန်းများ စနစ်တကျရေးဆွဲ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်    မြို့ပြနယ်နိမိတ် အဝိုင်းဝန်း ပြန်လည်ဆန်းစစ်နိုင်ရေး ကိစ္စရပ် များကို ရှင်းလင်း ဆွေးနွေးကြသည်။

ယင်းနောက် ကောင်စီဝင်များဖြစ်ကြ သည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များက နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်မြေအသုံးချမှု ကော်မတီများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို Video Conferencing စနစ်ဖြင့်ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။

ထို့နောက် အမျိုးသားမြေအသုံးချမှု ကောင်စီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ရှင်းလင်းဆွေးနွေး တင်ပြချက် များနှင့်စပ်လျဉ်း၍   ပေါင်းစပ်ညှိနှိုင်း ပေးပြီးနိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို    ရုပ်သိမ်း ခဲ့ကြောင်း သိရသည်။