အင်္ဂလန်နိုင်ငံသားကစားသမား နီကိုရန်နာရစ် တရုတ်နိုင်ငံသားခံယူ

ပေကျင်း နိုဝင်ဘာ ၁၈

တရုတ်နိုင်ငံ ဘောလုံးသမိုင်းတွင် ပထမဆုံးမွေးစားသားအဖြစ် လက်ရွေးစင်အသင်း၌ ရွေးချယ်ခံရသည့် အသက် ၂၇ နှစ်အရွယ် အင်္ဂလန်နိုင်ငံသား နီကိုရန်နာရစ်က မိမိသည် တရုတ်နိုင်ငံသား ခံယူလိုက်သဖြင့် အမည်ကို လီကီဟု ပြောင်းလဲခဲ့ကြောင်း ပြောသည်။

အာဆင်နယ် ဘောလုံးအကယ်ဒမီထွက်ဖြစ်ပြီး ဘရန့်ဖို့ဒ်အသင်း၌လည်း ကစားခဲ့ဖူးသည့် ကွင်းလယ်ကစား သမား နီကိုရန်နာရစ်သည် ပြီးခဲ့သည့်နှစ်က ပေကျင်းဂူအန်အသင်း၌ လာရောက်ကစားခဲ့သလို မိခင်ဖြစ်သူ သည်လည်း မိမိကိုတရုတ်နိုင်ငံ၌မွေးဖွားခဲ့၍ တရုတ်နိုင်ငံသားခံယူကာ လီကီအမည်ဖြင့် လက်ရွေးစင်အသင်း အတွက် ကစားပေးခဲ့သည်မှာ ငါးပွဲရှိခဲ့ပြီဖြစ်သည်။

တရုတ်နိုင်ငံ၌ နှစ်နိုင်ငံသားခံယူခွင့်မရှိဟု ပြဋ္ဌာန်းထားသဖြင့် အင်္ဂလန်နိုင်ငံသားခံယူမှုကိုပင် စွန့်လွှတ်ခဲ့သော နီကိုရန်နာရစ်က “ဘောလုံးအကြောင်းပြချက်တစ်ခုတည်းနဲ့ အင်္ဂလန်နိုင်ငံသားအဖြစ်ကိုစွန့်လွှတ်ပြီး တရုတ် လက်ရွေးစင်အသင်းမှာ ကစားခဲ့တာပါ။ ဒီမှာက အရမ်းဖော်ရွေကြတယ်။ ကျွန်တော့်ကို ပရိသတ်တွေက လီကီလို့ ခေါ်ကြတာများတယ်။ နီကိုဆိုတာကို သိတဲ့သူနည်းသွားပြီ။ တရုတ်မှာ အများစုက လီဆိုတဲ့နာမည် ရှိကြတယ်။ တရုတ်နိုင်ငံ ကိုယ်စားပြု ကစားရတာ ဂုဏ်ယူတယ်”ဟု ပြောသည်။          

Ref:The Sun