မန်စီးတီးအသင်းက လာမည့်နွေရာသီကစားသမားအပြောင်းအရွှေ့ကာလတွင် ရီးယဲလ်မက်ဒရစ်အသင်းမှ တိုနီခရူးစ်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန်စီစဉ်
မန်စီးတီးအသင်းက လာမည့်နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် ရီးယဲလ်မက်ဒရစ်အသင်း နှင့်စာချုပ်သက်တမ်းကုန်ဆုံးမည့် ဝါရင့်ကွင်းလယ် ကစားသမား တိုနီခရူးစ်ကို အလွတ်ပြောင်းရွှေ့ကြေး ဖြင့် ခေါ်ယူရန်စီစဉ်နေကြောင်း သိရသည်။
အသက် ၃၃ နှစ်အရွယ် တိုနီခရူးစ်သည် ဘိုင်ယန်မြူးနစ်အသင်း၌ ကစားစဉ်က နည်းပြဂွါဒီယိုလာ လက်အောက်တွင် အဓိက ကစားသမားအဖြစ် ပွဲထွက်ခွင့်ရရှိပြီး စိတ်ကြိုက်ကစားသမားတစ်ဦးဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်သည်။
တိုနီခရူးစ်သည် ၂၀၁၄ ခုနှစ်က ဘိုင်ယန်မြူးနစ်အသင်းမှ ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ကာ အသင်းနှင့် ဆယ်စုနှစ်တစ်ခုခန့်ကြာ ကစားပြီးနောက် ဆုဖလားများစွာရယူနိုင်ကာ ယခုဘောလုံး ရာသီအကုန်တွင် အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည့်အတွက် နည်းပြဂွါဒီယိုလာက အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန်ပြင်ဆင်နေခြင်းဖြစ်သည်။
မန်စီးတီးအသင်းကွင်းလယ်ပိုင်းတွင် ဒီဘရိုင်း၊ ကိုဗာဆစ်၊ ရိုဒရီတို့ရှိသော်လည်း ကယ်ဗင်ဖီးလစ် အနေဖြင့် လာမည့်ဇန်နဝါရီ ကစားသမားအပြောင်း အရွှေ့ကာလတွင်အသင်းမှ ထွက်ခွာမည် ဖြစ်သည့်အတွက် နည်းပြဂွါဒီယိုလာက ကွင်းလယ် ကစားသမားတစ်ဦးကို ထပ်မံအင်အားဖြည့်တင်း လိုနေခြင်းဖြစ်သည်။
ရီးယဲလ်မက်ဒရစ် အသင်းကလည်း အသင်းကွင်းလယ်ပိုင်းတွင် ထိပ်တန်းလူငယ်ကစားသမားများဖြစ်သည့် ဗယ်လ်ဗာဒီ၊ ကာမာဗင်ဂါ၊ ချူအာမန်ဒီနှင့် ဘယ်လင်ဟမ်တို့ကို ကာလရှည် သက်တမ်းတိုး စာချုပ်များ ချုပ်ဆိုထားသည့်အတွက် တိုနီခရူးစ်ကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုဖွယ်မရှိဘဲ လက်လွှတ်ဖွယ်ရှိနေကြောင်း သိရသည်။
Ref;Sports Mole