မွန်တီဗီဒေးယိုး၊ ဘောလုံး
မန်ယူနည်းပြ ဆိုးလ်ရှားအတွက် သတင်းကောင်းအဖြစ် ဘရာဇီးနောက်ခံကစားသမား အဲလက်စ်တဲလက်စ် သည် COVID-19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးရာတွင် ပိုးမတွေ့ရကြောင်း သိရသည်။
တဲလက်စ်သည် ပြီးခဲ့သည့်နွေရာသီ ဈေးကွက်က မန်ယူအသင်း ပေါင် ၁၃ ဒသမ ၆ သန်းဖြင့် ခေါ်ယူခဲ့ သူဖြစ်ပြီး ပီအက်စ်ဂျီကိုအနိုင်ရသည့် ချန်ပီယံလိဂ်ပွဲ၌ ပွဲဦးထွက်ကစားကာ ခြေစွမ်းပြနိုင်ခဲ့သည်။ နိုဝင်ဘာ ၁၇ ရက်က COVID-19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးရာ ပိုးမတွေ့ရသဖြင့် ဘရာဇီးလက်ရွေးစင် အသင်းနှင့် ပူးပေါင်းခွင့်ရခဲ့သည့်အတွက် မန်ယူအသင်းသည် နိုဝင်ဘာ ၂၁ ရက် ဝက်စ်ဘရွန်းနှင့်ပွဲ၌ ၎င်းကို အသုံးပြု နိုင်မည်ဖြစ်သည်။
Ref:BT