အိုလံပစ်ပြိုင်ပွဲဝင်ကစားသမားများ COVID-19 ကာကွယ်ဆေး ဦးစားပေးထိုးနှံမည်မဟုတ်

တိုကျို၊ အားကစား

၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် ပြန်လည်ကျင်းပရန် အိမ်ရှင်ဂျပန်နှင့် နိုင်ငံတကာ အိုလံပစ်ကောင်စီတို့ ကြိုးစားနေရာ အိုလံပစ်ကောင်စီဥက္ကဋ္ဌ သောမတ်စ်ဘက်ချ်သည် နိုဝင်ဘာ ၁၇ ရက်က တိုကျိုအိုလံပစ် အားကစားကွင်းများကို လာရောက်ကြည့်ရှုခဲ့သည်။

ထိုသို့လာရောက်ရာတွင် ပွဲတော်ကျင်းပချိန် ပါဝင်ယှဉ်ပြိုင်မည့် ကစားသမားများကို ထိုအချိန် ကာကွယ်ဆေး ပေါ်ပါက မဖြစ်မနေ ကာကွယ်ဆေးထိုးနှံပေးမည့် အစီအစဉ် ရှိ၊ မရှိ မီဒီယာများကမေးမြန်းရာ ဘက်ချ်က အားကစားသမားများဘက်မှ ဖိအားပေးပြီး ဆေးထိုးခိုင်းခြင်းကို လက်ခံမည်မဟုတ်ဘဲ အားကစားသမားများ ထက် ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်းများကသာ ပထမဆုံး ဦးစားပေးဆေးထိုး ပေးရမည့် သူများဖြစ်ကြောင်း ပြောသည်။

ဘက်ချ်က “တကယ်တမ်းဦးစားပေးကာကွယ်ဆေးထိုးရမှာက  ကမ္ဘာကြီးကို ကယ်တင်နေတဲ့ ဆရာဝန်တွေ၊  သူနာပြုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေပဲ” ဟု ပြောသည်။                        

Ref:BBC