ဆီဗီးလ်၊ ဘောလုံး
၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီလက်ရွေးစင်အသင်းသည် နိုဝင်ဘာ ၁၇ ရက်ညက စပိန်နှင့် ယူအီးအက်ဖ် အေနေးရှင်းလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရာ ခြောက်ဂိုးပြတ်ရှုံးနိမ့်ပြီး ယူရို ၂၀၂၀ ပြိုင်ပွဲ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရမည့် အုပ်စု (ဗ) အုပ်စုဗိုလ်လေးသင်းစာရင်း မဝင်နိုင်ဖြစ်ခဲ့ရသည်။ ဂျာမနီအသင်းသည် ပထမပိုင်းမှာပင် သုံးဂိုးပြတ်ရှုံးနေပြီး စပိန်အတွက် မန်စီးတီးတိုက်စစ်မှူးသစ် ဖာရန်တောရက်စ်က ဟက်ထရစ် သွင်းခဲ့သည်။
ဂျာမနီအသင်း သမိုင်းတစ်လျှောက်၌ ယခုကဲ့သို့ ခြောက်ဂိုးပြတ်ရှုံးခြင်းမှာ ပြိုင်ပွဲအသွင်ပွဲများတွင် ပထမဆုံး အကြိမ်ဖြစ်ပြီး ပြိုင်ပွဲမဟုတ်သည့် ခြေစမ်းပွဲအဖြစ် ၁၉၃၁ ခုနှစ်က သြစတြီးယားကို ခြောက်ဂိုးပြတ် တစ်ကြိမ် သာရှုံးခဲ့ဖူးသည်။ ယခုမတိုင်မီ ပြိုင်ပွဲအသွင်နှင့် အဆိုးရွားဆုံးရှုံးပွဲမှာ ၁၉၅၄ ကမ္ဘာ့ဖလား အုပ်စုတွင်းပွဲ၌ အနောက်ဂျာမနီက ဟန်ဂေရီကို ၈ ဂိုး- ၃ ဂိုးဖြင့်ရှုံးခဲ့ဖူးကာ ယင်းကမ္ဘာ့ဖလားပွဲ၌ အနောက် ဂျာမနီသည် ဗိုလ်လုပွဲသို့တက်ရောက်ခဲ့ပြီး ဟန်ဂေရီကို ပြန်လည်အနိုင်ယူကာ ဗိုလ်စွဲနိုင်ခဲ့သည်။
ဂျာမနီအသင်းနည်းပြ ဂျိုအာချင်လိုက “တစ်ဦးချင်း ဘောလုံးယှဉ်လုတိုင်း အနိုင်မရခဲ့ဘူး။ စပိန်အသင်းက ကစားပုံပိုကောင်းလာတယ်” ဟု ပြောသည်။
Ref:BBC