ကုန်ပစ္စည်းများတင်ဆောင်လာသောခြောက်ဘီးယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်

နေပြည်တော်၊ ယာဉ်တိမ်းမှောက်မှု

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တောင်ငူမြို့နယ် ဇီးပင်သာအမြန်လမ်းမကြီး ရဲစခန်းအပိုင်၌ နိုဝင်ဘာ ၁၇ ရက်ညပိုင်းတွင် ငါးနှင့်ပုစွန်များ တင်ဆောင်လာသော မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်း မှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်မှ နေပြည်တော်သို့ ယာဉ်မောင်း သန်းစိုးအောင် ထန်းတပင်မြို့နယ်နေသူမောင်းနှင်ပြီး ယာဉ်နောက်လိုက် ညိုချောမောင် ညောင်လေးပင်မြို့နယ်နေသူလိုက်ပါလာသော ငါးနှင့်ပုစွန်များ တင်ဆောင် လာသည့် ယာဉ်အမှတ့် YGN-1G/---CANTER ခြောက်ဘီးယာဉ်သည် တောင်ငူမြို့နယ် ဇီးပင်သာ အမြန် လမ်းမကြီးရဲစခန်းအပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၅၇/၆)နှင့် (၁၅၇/၇)ကြား၌   အရှိန်မထိန်းနိုင်ဘဲ ပိတ်ထားသည့်လမ်းတားတုံးများကို ဝင်တိုက်မိပြီး ပေ ၅၀ ကရင်ချောင်းတံတားပေါ်၌ ပက်လက်လန်တိမ်းမှောက်ခဲ့သည်။

ယာဉ်မတော်တဆမှုဖြစ်ပွားရာသို့ ဇီးပင်သာ အမြန်လမ်းမကြီးရဲစခန်းမှ စခန်းမှူးနှင့်တပ်ဖွဲ့ဝင်များ၊ တောင်ငူရှေးဦးပြုစုရေး အဖွဲ့ဝင်များ၊ အမြန်လမ်းမကြီး ဆောက်လုပ်ရေး(ပြင်/ထိန်း) အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ရောက်ရှိစစ်ဆေးဆောင်ရွက်ရာ ယာဉ်မောင်းသန်းစိုးအောင်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် တပ်ဖွဲ့ပိုင်ယာဉ်ဖြင့် တောင်ငူမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းသန်းစိုးအောင်အား ဇီးပင်သာအမြန် လမ်းမကြီးရဲစခန်းက ယာဉ်(ပ)၂၄/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၃၈ အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။           

ရဲဝင်းနိုင်(နေပြည်တော်)