အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ - ၁၇

          အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ်၊ တိုင်းမှူးဒိုင်း သေနတ် ပစ်ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျိုင်းတောင်မြို့ရှိ နယ်မြေခံသင်တန်းကျောင်းစက်ပစ်ကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး မိုးပျံပူဖောင်းအား ပစ္စတိုပစ် ဖောက်၍ ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အဖွင့်ပွဲစဉ် ဖြစ်သည့် အမျိုးသား/အမျိုးသမီး ပစ္စတို ထိ၊ လဲ ပစ် ခတ်စဉ်၊ အမျိုးသား ကာဘိုင်၊ စက်လက်၊ ရိုင်ဖယ် ထိ၊ လဲ ပစ်ခတ်စဉ်များအား သရုပ်ပြပစ်ခတ်နေမှုများကို ကြည့်ရှု အားပေးကြသည်။

          အဆိုပါ သေနတ်ပစ်ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်နယ် အသီးသီးမှ ပြိုင်ပွဲဝင်အသင်း(၈)သင်းဖြင့် အောက်တိုဘာလ ၂၅ ရက်ထိ ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။