ယူရို ၂၀၂၄ ပြိုင်ပွဲ ခြေစစ်ပွဲတွင် သြစတြီးယား အသင်းက အဇာဘိုင်ဂျန်အသင်းကို အနိုင်ရရှိပြီး ခြေစစ်ပွဲအောင်မြင်

ယူရို ၂၀၂၄ ပြိုင်ပွဲ ခြေစစ်ပွဲတွင် သြစတြီးယား အသင်းက အဇာဘိုင်ဂျန်အသင်းကို အနိုင်ရရှိပြီး ခြေစစ်ပွဲအောင်မြင်

 

    ယူရို  ၂၀၂၄  ပြိုင်ပွဲ ခြေစစ်ပွဲ အုပ်စုပွဲစဉ်အဖြစ် ကစားခဲ့သည့် အဇာဘိုင်ဂျန်အသင်းနှင့် သြစတြီးယား အသင်းတို့ပွဲစဉ်တွင်   သြစတြီးယားအသင်းက ၁ ဂိုး-ဂိုးမရှိဖြင့်  အနိုင်ရရှိပြီးနောက်   အုပ်စုပွဲစဉ်တစ်ပွဲကစားရန်   ကျန်ရှိချိန်တွင်   ခြေစစ်ပွဲအောင်မြင်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်၌  သြစတြီးယား အသင်းက  ပွဲချိန် ၄၈ မိနစ်တွင် ပယ်နယ်တီမှ တစ်ဆင့် သွင်းယူခဲ့သည့် ဆာဘစ်ဇာ၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့်  အနိုင်ရရှိပြီးနောက်    အုပ်စုပွဲစဉ်များမပြီးဆုံးမီ   ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

သြစတြီးယားအသင်းသည် ယူရို ၂၀၂၄  ပြိုင်ပွဲ ခြေစစ်ပွဲ အုပ်စုပွဲစဉ်ခုနစ်ပွဲကစားခဲ့ရာ  ဘယ်လ်ဂျီယံ အသင်းနှင့် ပထမအကျော့တွင် သရေရလဒ်နှင့် ဒုတိယအကျော့တွင် ရှုံးနိမ့်ကာ ကျန်ပွဲစဉ်အားလုံး အနိုင်ရရှိပြီး  ရမှတ် ၁၆ မှတ်ဖြင့်  အုပ်စုဒုတိယနေရာမှ  ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။

ယူရို ၂၀၂၄ ပြိုင်ပွဲ ခြေစစ်ပွဲ အုပ်စု(F)တွင် အုပ်စု တတိယနေရာ၌  ရပ်တည်နေသည့်  ဆွီဒင်အသင်းက အုပ်စုပွဲစဉ်သုံးပွဲကစားရန် ကျန်ရှိနေသော်လည်း  နှစ်ပွဲသာအနိုင်ရရှိခဲ့ပြီး   သုံးပွဲရှုံးနိမ့်သည့်အတွက် ရမှတ်ခြောက်မှတ်သာရရှိပြီး လက်ကျန်ပွဲစဉ် အားလုံးအနိုင်ရရှိလျှင်  သြစတြီးယား အသင်းကို လိုက်မီနိုင်မည် မဟုတ်သည့်အတွက် သြစတြီးယားအသင်းက ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။