ပလက်ဝမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ပလက်ဝမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

 

နေပြည်တော်၊၂၀၂၃ အောက်တိုဘာ - ၁၈

     တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ ဒေသခံပြည်သူများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီမှ နယ်မြေခံဆေးကုသရေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အောက်သဲမဝကျေးရွာ နှင့် ပတ်ဝန်းကျင်ကျေးရွာတို့မှ ဒေသခံပြည်သူ ၁၄၂ ဦးတို့ကိုလည်းကောင်း၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် မြို့နယ်၊ ရပ်ကွက်ကြီး(၁)ရှိ ရတနာမာန်အောင်ကျောင်းတိုက်မှ သံဃာတော် ၁၁၂ ပါးနှင့် ရပ်ကွက်နေဒေသခံပြည်သူ ၃၄ ဦးတို့ကိုလည်းကောင်း သတ်မှတ်နေရာများ၌ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးအဖွဲ့များက အရိုးအကြောရောဂါ၊ မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရေပြား ရောဂါ၊ ကလေးရောဂါ၊ နှလုံးရောဂါ၊  သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ECG၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်ခြင်း၊ ဆီးချို/သွေးချိုစစ်ဆေးပေးခြင်း၊ သွေးလွန်တုတ်ကွေးရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေး ဟောပြောခြင်း များ ဆောင်ရွက်ပေးကာ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူများကို နယ်မြေခံ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိ သူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။