အွန်လိုင်းလောင်းကစားမှုတွင် ပါဝင်ပတ်သက်ခဲ့သည့်အတွက် အီတလီအသင်းနှင့် ဂျူဗင်တပ်စ်အသင်း လူငယ်ကွင်းလယ်ကစားသမား ဖာဂီယိုလီ ခုနစ်လအထိ ကာလရှည်ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံရ

အွန်လိုင်းလောင်းကစားမှုတွင် ပါဝင်ပတ်သက်ခဲ့သည့်အတွက် အီတလီအသင်းနှင့် ဂျူဗင်တပ်စ်အသင်း လူငယ်ကွင်းလယ်ကစားသမား ဖာဂီယိုလီ ခုနစ်လအထိ ကာလရှည်ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံရ

 

အီတလီအသင်းနှင့် ဂျူဗင်တပ်စ်အသင်း လူငယ်ကွင်း လယ်ကစားသမား ဖာဂီယိုလီသည် အွန်လိုင်းလောင်း ကစားမှုတွင်ပါဝင်ပတ်သက်ခဲ့သည့်အတွက်  အီတလီ နိုင်ငံတရားရုံးက   ခုနစ်လအထိ   ကာလရှည်ပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

အသက် ၂၂ နှစ်အရွယ် ဖာဂီယိုလီသည် ယခုနှစ် အတွင်း အွန်လိုင်းလောင်းကစားမှုတွင် ပါဝင်ပတ်သက်သည်ဟု   စွဲချက်တင်ခံခဲ့ရပြီးနောက်  ပြီးခဲ့သည့်ရက် သတ္တပတ်က   အီတလီနိုင်ငံ   တူရင်မြို့တရားရုံးက စွဲချက်တင်ပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ပြစ်မှုထင်ရှားသည့်အတွက်   ကာလရှည်ပွဲပယ် ပြစ်ဒဏ်ဖြစ်သည့် ခုနစ်လကြာ  ဘောလုံး အားကစားနှင့် ပတ်သက်ခြင်း မပြုလုပ်ရန် ပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။

ဖာဂီယိုလီအနေဖြင့် တူရင်မြို့တရားရုံးက ပြစ်ဒဏ်ချမှတ် ခဲ့သော်လည်း မိခင်ကလပ်အသင်းဖြစ်သည့် ဂျူဗင်တပ်စ်အသင်းက မည်ကဲ့သို့ အရေးယူမှုပြုလုပ်မည် ကို မသိရှိရသေးဘဲ လက်ရှိတွင် အသင်းနှင့်ပူးပေါင်းခွင့်ကို ပိတ်ပင်ထားသည်။

ဖာဂီယိုလီနှင့်အတူ အေစီမီလန်အသင်း ကွင်းလယ်ကစားသမားဟောင်း တိုနာလီနှင့် ရိုးမားအသင်း တိုက်စစ်ကစားသမားဟောင်း  ဇာနီလိုတို့လည်း  အွန်လိုင်း လောင်းကစားမှုတွင်   ပါဝင်ပတ်သက်သည့် အမှုဖြင့် စွဲချက်တင်ခံထားရပြီး လက်ရှိတွင် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကာ   တိုနာလီက ပြစ်မှုရှိကြောင်း   ဝန်ခံထား သည့်အတွက် မကြာမီ ပြစ်ဒဏ်ချမှတ်ခံရဖွယ် ရှိသည်။