တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ် လောင်းလှူ

နေပြည်တော်၊ နိုဝင်ဘာ - ၁၉

   

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်ရှိ ဘုန်းတော်ကြီးကျောင်း များမှ သံဃာတော်များအား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက တိုင်းဧချမ်းဓမ္မာရုံ၌ အရုဏ်ဆွမ်းဆက်ကပ် လောင်းလှူကြသည်။

   

ထိုသို့ ဆက်ကပ်လောင်းလှူရာတွင် ကေတုမတီမြို့သစ်ရှိ ဘုန်းတော်ကြီးကျောင်း ၇ ကျောင်းမှ သံဃာတော် ၁၄ ပါးတို့သည် တိုင်းဧချမ်းဓမ္မာရုံရှေ့သို့ အလှူခံကြွရောက်တော် မူကြပြီး တိုင်းမှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက အရုဏ်ဆွမ်းများ ဆက်ကပ်လောင်းလှူ ခဲ့ကြောင်း သတင်းရရှိသည်။