ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ဆင်နက်ချောင်ကျေးရွာ၌ ကျေးရွာဘောလုံး ကွင်းဖောက်လုပ်နေမှုနှင့် ကျေးရွာစာကြည့်တိုက် တည်ဆောက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှု

နေပြည်တော်၊ နိုဝင်ဘာ - ၁၉

   

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ဆင်နက် ချောင်ကျေးရွာ၌ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်းသည့် အလျား ၃၇၀ ပေ၊ အနံ ၂၅၀ ပေရှိ ကျေးရွာဘောလုံးကွင်း ဖောက်လုပ်ပြီးစီးမှုနှင့် အလျား ၅၅ ပေ၊ အနံ ၃၀ ပေရှိ ကျေးရွာစာကြည့်တိုက် တည်ဆောက်ပြီးစီးမှု အခြေအနေများအား ယနေ့နံနက်ပိုင်း တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှုသည်။

   

ဦးစွာ တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဘောလုံးကွင်းဖောက်လုပ်နေမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ စာကြည့်တိုက် ဆောက်လုပ်ပြီးစီးမှုနှင့် စာကြည့်တိုက်ဖွင့်လှစ်နိုင်ရေးအတွက် ကျေးရွာလူထုနှင့် ဆွေးနွေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။