ကျောက်ဖြူမြို့နယ်၌ အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ် အဆင့်ပြိုင်ပွဲများ ကျင်းပ
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောက်ဖြူမြို့နယ် ပညာရေးမှူးဖလား အခြေခံပညာ ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ် အဆင့်ပြိုင်ပွဲများကို အောက်တိုဘာလ ၁၈ ရက်က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မြို့မအားကစားဘောလုံးကွင်း၌ ကျင်းပရာ ခရိုင်ပညာရေးမှူး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ လာရောက်ကြည့်ရှုကြောင်း သိရသည်။
ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်များ ယှဉ်ပြိုင်ရာတွင် အခြေခံပညာ အထက်တန်း ကျောင်း(စနဲ)ဘောလုံးအသင်းနှင့် အခြေခံ ပညာအထက်တန်းကျောင်း(ဇင်ချောင်း) ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားရာ အခြေခံပညာ အထက်တန်းကျောင်း(စနဲ) ဘောလုံးအသင်းက အခြေခံပညာ အထက်တန်းကျောင်း(ဇင်ချောင်း)ဘောလုံးအသင်း ကို ၂ ဂိုး- ၁ ဂိုးဖြင့် အနိုင်ရရှိကာ ဆီမီး ဖိုင်နယ်အဆင့်သို့ တက်ရောက်ခဲ့သည်။ ဒုတိယပွဲစဉ်အဖြစ် အခြေခံပညာ အထက်တန်းကျောင်း (ဂုံးချွိန်) ဘောလုံးအသင်းနှင့် အခြေခံပညာ အထက်တန်းကျောင်း(အောက်မဒေးကျွန်း) ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားရာ အခြေခံပညာ အထက်တန်းကျောင်း(ဂုံးချွိန်) ဘောလုံးအသင်းက အခြေခံပညာ အထက်တန်းကျောင်း (အောက်မဒေးကျွန်း) ဘောလုံးအသင်းကို ၃ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိကာ ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်ခဲ့သည်။
အဆိုပါ ကျောက်ဖြူမြို့နယ် ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် ကျောက်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင်အသင်း ၂၀ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကို စက်တင်ဘာလ ၂၆ ရက်မှစ၍ အောက်တိုဘာလ ၂၃ ရက်အထိ ကျင်းပလျက် ရှိကြောင်း သိရသည်။